Uni
အဖြူရောင် နတ်သားလေးတစ်ယောက်ကဲ့လို့ တင်စားရလောက်အောင် လှပတဲ့ အနှီလူသားလေးဟာ ကြီးမားလှသည့် တံခါးကြီး၏ အရှေ့တွင် မိမိအားဖိတ်ခေါ်မည့်အချိန်ကို စောင့်နေမိသည်။
ရင်ဘတ်တစ်နေရာမှ တလှပ်လှပ်တုန်နေကာ ပန်းစည်းအဖြူကိုကိုင်ထားသည့် ဖယောင်းသွယ်လက်ချောင်းလေးများမှာလည်း တုန်ရင်နေခဲ့သည်။
ထိုစဥ် ပွင့်လာသည့် လူအရပ် ၃ ပေစာရှိသည့် တံခါးကြီးကြောင့် ငုဝါမောင်မောင်၏ကျောပြင်လေးမှာ မတ်ခနဲဖြစ်သွားရသည်။
" သတို့သား မောင်ငုဝါမောင်မောင် စတင်လျှောက်လှမ်းလို့လာပါပြီ "
အခမ်းအနားမှူး၏ အသိပေးသံ၏အနောက်တွင် သီချင်းသံခပ်တိုးတိုးလေးက ထွက်ပေါ်လာသည်။ သီချင်းသံကတိုးပေမဲ့ ခမ်းမအတွင်းရှိလူအားလုံးက တိတ်ဆိတ်နေသည့်အတွက် အထင်းသားကြားနိုင်လေသည်။
Recommed song: Ed Sheeran-Perfect
I found a love for me...
Oh darling,just dive right in and follow my lead
Well, I found a girl beautiful and sweet
Oh I never knew you were the someone waiting for me...
Cause we were just kids when we fell in love...
Not knowing what it was I will not give you up this time~~~~~
ငုဝါမောင်မောင် အနီရောင်ကတ္တီပါကော်ဇောခင်းထားသည့် လျှောက်လမ်းရှည်ရှည်အတိုင်းတုန်ရင်နေသော ခြေလှမ်းတို့အား ဟန်မပျက်စေရန် ထိန်းကာ လျှောက်လာလိုက်သည်။လျှောက်လမ်းဘေးမှ ပန်းအိုးများထဲတွင် ထိုးစိုက်ထားသည့် နှင်းဆီဖြူဖြူများနှင့် ကျူးလစ်ပန်းဖြူဖြူ ရနံ့သက်သက်တို့က မိမိနှာခေါင်းထဲသို့တိုးဝင်လာသည်။
ခြေတစ်လှမ်း လှမ်းလိုက်တိုင်း နီးစပ်လာသည့် ရင်ခုန်သံနှစ်ခုက နွေးထွေးသည့်ရပ်ဝန်းတစ်ခုကို ချစ်ခြင်းမေတ္တာတို့ဖြင့် ဖန်တီးလို့နေ၏။
ငုဝါမောင်မောင်လျှောက်လှမ်းအဆုံးမှ ချစ်ရသူ မောင်အားကြည့်လိုက်မိသည်။ ထိုအချိန် မိမိအား စူးရှသည့်ထိုမျက်လုံးတို့ဖြင့် အံ့သြတကြီးကြည့်နေသော အနှီမောင် ကြောင့်ငုဝါမောင်မောင်ရှက်ပြုံးလေးပြုံးကာ မျက်လွှာလေးချထားလိုက်မိသည်။
