Chapter - 27

6K 270 48
                                        

Uni

အခုတလော နက်ရှိုင်းအောင်မှာ အလုပ်တော်တော်ရှုပ်နေသည်။ အကြောင်းမှာ နောက် ၂ ရက်တွင် ကျင်းပမည့် wedding ပွဲလေးကြောင့်ပင်ဖြစ်သည်။

ဒီကြားထဲ  မောင် ဆိုသည့်အမျိုးသားက wedding ကို  switzerland မှာမလုပ်ရလို့ဆိုပြီး စိတ်ကောက်ပါသေးသည်။ သူ့လောက်ကောက်တတ်တာလဲ သူ့အပြင်မရှိလောက်ပေ။

နောက်ဆုံး ငုဝါမောင်မောင်အပါအဝင် ဒေါ်စံထိပ်ထားတို့ပါ မြန်မာနိုင်ငံမှာဘဲ လုပ်ရန် ချော့မော့ပြောကြရသည်။ ပုံမှန် wedding ပွဲတွေဆိုလျှင် သိပ်အလုပ်မများပေ။ သို့သော် မောင်က ခမ်းခမ်းနားနားဖြစ်စေရန်နှင့် သူ့စိတ်တိုင်းကျဖြစ်စေရန် သူကိုယ်တိုင် အခမ်းအနားပြင်ဆင်သူများအား ညွှန်ကြားနေလေသည်။

ငုဝါမောင်မောင်မှာတော့ မပေါ့မပါးကြီးနဲ့မို့ အိမ်၌သာကျန်ခဲ့ရစမြဲပေ။ အိမ်ကယောက်ျား အလုပ်များပုံများ မိမိ ultrasound ရိုက်မည့်နေ့ကိုတောင် မင်္ဂလာပွဲပြီးမှဟု ရက်ပြောင်းလိုက်ရသည်အထိပင်။

ထို့ကြောင့် ကလေးလေးက မောင်လိုချင်သည့်မိန်းကလေးများဖြစ်မလား ဒါမှမဟုတ် ယောက်ျားလေးများဖြစ်မလားဆိုတာ သိချင်စိတ်လွန်ကဲသည့် ငုဝါမောင်မောင်တစ်ယောက် မောင်မရှိတုန်း ဒေါ်မြလေဒီနှင့်တိုင်ပင်က မိမိတို့မျိုးရိုးပိုင်ဆိုင်ရာ ဆေးရုံဆီသို့တိတ်တခိုး လာရောက်ခဲ့ကြသည်။

" သားရင်ခုန်နေတယ် မေမေ ဗိုက်ထဲက ကလေးလေးက သမီးလေးဖြစ်ရင်သိပ်ကောင်းမှာဘဲ ဒါဆို မောင် ကအရမ်းပျော်မှာ "

ငုဝါမောင်မောင် စမ်းသပ်ခန်းထဲမဝင်မှီ ဒေါ်မြလေဒီအား ဖက်ကာ အားကိုးတကြီး ရင်ဖွင့်လိုက်မိသည်။

" ဘာမှမပူပါနဲ့သားရယ် ကလေးလေးက ယောက်ျားလေးဖြစ်နေလဲ မင်းရဲ့ မောင်က တုန်နေအောင်ချစ်မှာ မြင်ယောင်နေတယ် "

ဒေါ်မြလေဒီ ငုဝါမောင်မောင်၏ နောက်ကျောလေးအား ပွတ်ကာနှစ်သိမ့်ပေးလိုက်သည်။

ဖွင့်မပြောပေမဲ့ မိမိလည်း သမီးမြေးမလေးလိုချင်ပါသည်။ မွေးထားတာလည်း တစ်ဦးတည်းသောသားပေမို့ မိန်းကလေးလိုချင်မိသည်။ နက်ရှိုင်းအောင်တို့မျိုးရိုးမှာ သမီးမိန်းကလေးရှားလေသည်။

My Last Star { Complete }Where stories live. Discover now