Uni
မပြောမဆိုနှင့် မိမိအားအတင်းဖက်လာသည့် သူလေးကြောင့် နက်ရှိုင်အောင် စိုးရိမ်စိတ်တို့ပို၍ပင် ပြင်းထန်သွားရသည်။ ထို့ပြင် ခန္ဓာကိုယ်လေးမှာလည်း အနည်းငယ်တုန်ရင်နေသည်။
နက်ရှိုင်းအောင်တင်မကဘဲ သူ၏အနောက်မှ ဒေါ်မြလေဒီ ၊ ဒေါ်စံထိပ်ထား ၊ ဦးသတိုးရှိုင်းအောင် တို့မှာလည်း ငုဝါမောင်မောင်၏အပြုအမူကြောင့်အနည်းငယ် စိုးရိမ်မိသည်။
ဒေါ်မြလေဒီမှာတော့ မိမိထင်ထားသည့်အတိုင်းဖြစ်စေရန်တိတ်တခိုးဆုတောင်းနေမိသည်။ ဒီလိုလက္ခဏာမျိုးက မိမိနက်ရှိုင်းအောင်ကို ကိုယ်ဝန်စရတုန်းက ကြုံခဲ့ဖူးသည့် လက္ခဏာများပင်ဖြစ်သည်။
" မောင်စိတ်ပူလာပြီကွာ ဘာဖြစ်တာလဲ ပြောလေ "
ထိုအခါ ရင်ခွင်ထဲတွင်မျက်နှာအပ်ထားသည့်ကောင်လေးအား မိမိအားမော့ကြည့်လာသည်။
" မောင် "
" အင်း ပြော မောင်ဘာကိစ္စဖြစ်ဖြစ်အကောင်းဆုံးဖြေရှင်းပေးမယ် "
" ငါ့...ငါ့ဗိုက်ထဲမှာ မင်းလိုချင်တဲ့ကြယ်ပွင့်သေးသေးလေးရောက်နေပြီ "
ငုဝါမောင်မောင်၏စကားကို တစ်မိသားစုလုံးက အံ့အားသင့်သည့်မျက်လုံးများဖြင့်ကြည့်ကာပြန်လည်တုံ့ပြန်လာသည်။ ထို့ကြောင့် မိမိလက်ထဲတွင်ကိုယ်ထားသည့် ကိုယ်ဝန်စစ်တန်လေးအားပြလိုက်သည်။
မိမိအားပေးလာသည့် ထိုစစ်ဆေးသည့်တံလေးအား နက်ရှိုင်အောင် တုန်ရင်နေသောလက်များဖြင့် ယူလိုက်သည်။ ထို့နောက် ရင်ခုန်စွာကြည့်လိုက်မိသည့်အချိန် မြင်လိုက်ရသည့် အနီရောင်အချောင်းလေးနှစ်ခုကြောင့် နက်ရှိုင်းအောင်၏ နှလုံးသားတစ်ခုလုံးဟာ ပေါက်ကွဲတော့မလိုပင်။
ကြည်နူးမှု ၊ သာယာမှု ၊ ပျော်ရွှင်မှု ဟုအမည်တွင်သည့် ခံစားချက်တို့က မိမိ၏ အလျင်အမြန်ခုန်နေသော နှလုံးသားအား လွှမ်းမိုးသွားခဲ့သည်။ ထိုခံစားချက်များကြောင့် နက်ရှိုင်းအောင်၏ မျက်နှာတွင် အပြုံးပန်းတစ်ပွင့်က အကျိုးသက်ရောက်မှုအနေဖြင့် ဖြစ်ပေါ်လာခဲ့သည်။
