Chapter - 23

6.4K 199 32
                                        

Uni

ငုဝါမောင်မောင် ခုတင်ပေါ်တွင့်မေ့မျောနေသည့် နက်ရှိုင်းအောင် အား ဝမ်းနည်းသည့်မျက်လုံးလေးများဖြင့်ငေးကြည့်နေမိသည်။ ထိုလူ့၏ လက်လေးကိုလည်း မိမိ၏လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားမိသည်။ဒေါ်မြလေဒီကတော့ သားဖြစ်သူအနားမှမခွာဘဲ ဘုရားစာများရွတ်နေ၏။

နက်ရှိုင်းအောင်အား မိမိထိုးနှက်လိုက်မိသည့် ဖန်ကွဲစမှာ အနည်းငယ်တိုသည့်အပြင် အနည်းငယ်ပင်စိုက်ဝင်သွားခြင်းဖြစ်၍ အသက်အန္တရယ်တော့ မစိုးရိမ်ရပေ။ မိမိလည်း ပင်ပန်းလွန်းသည့် စိတ်တို့ကြောင့် ဒေါသစိတ်တို့အား ချုပ်ထိန်းမရ​တော့ဘဲ စိတ်လွှတ်ကာ ထိုးမိလိုက်ခြင်းဖြစ်သည်။

နက်ရှိုင်းအောင်၏စကားနှင့် မိမိလက်မှ အနီရောင်သွေးတို့အား တွေ့မြင်မှ စိတ်အာရုံအလုံးစုံဟာ ပြန်လည်ကပ်ရောက်လာခဲ့သည်။အချိန်ခနအတွင်း ဖြစ်ပျက်သွားသည့်အဖြစ်အပျက်တို့က မြန်ဆန်လွန်းလှသည်။

ငုဝါမောင်မောင် ထိုလူ၏လက်ကလေးကို မိမိ၏ပါးပြင်နုနုတွင် ပွတ်သပ်စေသည်။ ထိုအချိန် နက်ရှိုင်းအောင်၏ မျက်ခုံးထူထူတို့မှာ တွန့်ချိုးလာသည်ကိုသတိထားလိုက်မိသည်။

" ဟက် ငါ့သား...ငါသားသတိရလာပြီ "

ဒေါ်မြလေဒီ၏စကားကြောင့် ငုဝါမောင်မောင် နံရံတွင် တပ်ဆင်ထားသည့် အရေးပေါ်ခလုတ်အားသုံးချက်လောက် ခပ်မြန်မြန်နှိပ်လိုက်ပြီး ခုတင်ပေါ်ရှိထိုလူ့အနားသို့ ကပ်သွားလိုက်သည်။

ထိုအခါ ထိုလူက မိမိအား ကြည်လင်စူးရှသည့် အကြည့်ဖြင့် ကြည့်လာသည်။

" နက်...နက်ရှိုင်းအောင် ငါ ငါတောင်းပန်ပါတယ်"

ထိုလူ့၏ လက်လေးအား ဆွဲကိုင်ကာ ငုဝါမောင်မောင် မျက်ရည်လေးများဝဲ၍ တောင်းပန်လိုက်မိသည်။ ထိုအခါ ခုတင်ပေါ်ထက်မှ ချစ်ရသူမောင်က မိမိအား ပြုံး၍ ကြည့်လာသည်။

" မလိုပါဘူးကွာ "

" ဟင့် ငါ...ငါလေ တကယ်စိတ်မထိန်းနိုင်ဘဲ ဖြစ်သွားတာပါ ​ငါမင်းကိုဒီလိုလုပ်လိုက်မိလို့ တကယ်စိတ်မကောင်းဘူး "

My Last Star { Complete }Where stories live. Discover now