Episode 14

2K 188 34
                                        

#Unicode

"အရှင်သခင်... Min Yoongi ကတွေ့ခွင့်တောင်းနေပါတယ်"

ထိုအသံကြောင့် Taehyung ခေါင်းထောင်လာခဲ့သည်။ Jungkookကတော့ မျက်မှောင်ကြုတ်သွား၏ ။ အလိုမကျမှုတို့က မျက်နှာထက်တွင်အထင်းသားပါပင်။

"မထနဲ့... ညကအများကြီးပင်ပန်းထားတာကို ဘာလို့ထနေမှာလဲ"

Jungkook က Taehyung ထလို့မရအောင် အပေါ်ကနေဖိချုပ်ထားသည် ။ ဘာစကားမှမပြောချင်၍ မရမကရုန်းကန်ပေမယ့်မရ ၊ အင်အားကြီးတဲ့ Jungkookကို Taehyung မတွန်းလှန်နိုင်ပေ ။ Taehyung သက်ပြင်းချလိုက်၍

"Jungkook ... မင်း ကလေးမဆန်လို့ရမလား။Yoongi ကအရေးကြီးလို့တွေ့ချင်တာနေမှာပေါ့ ... ကိုယ်သူ့ကိုမတွေ့လို့မကောင်းဘူးလေ"

"မနေ့ညကကျွန်တော်တို့ရဲ့ မင်္ဂလာဦးညလေ.. ဒါကိုသူသိနေလျက်နဲ့ ဘာဖြစ်လို့စောစောစီးစီးလာရတာလဲ...သူအလိုက်မသိတာကို ဘာဖြစ်လို့အပြစ်လေးတောင်မမြင်တာလဲ"

Taehyung ဘယ်လိုရှင်းပြရမှန်းပင်မသိချေ။Jungkook က Yoongi အပေါ် အမြင်မကြည်ဖြစ်နေသည်မို့ Taehyung ဘာပြောပြော နားဝင်မှာမဟုတ်ပေ ။ Taehyung သက်ပြင်းချ၍ Jungkook ဖိထားသည်ကနေလွတ်အောင် ထပ်မံရုန်းကန်လိုက်သည်။

"ဘာဖြစ်လို့ ရုန်းနေတာလဲ .. အရှင်သခင့်ရဲ့ယောက်ျားက သူ့ကိုမတွေ့ဖို့တားနေတာကို ဘာဖြစ်လို့ ငြင်းဆန်နေရတာလဲ... ဒါ အသစ်စက်စက် ကြင်ယာတော်ကိုဆက်ဆံလိုက်တဲ့ပုံလား"

"မဟုတ်သေးဘူးလေ Jungkookရယ်.. ငါ့ကိုအချိန်ခဏလေးပဲပေးလေ .. နော် ။ သူနဲ့ခဏလောက်စကားပြောရုံလေးပါပဲ"

"မလွှတ်ပေးဘူးဆိုရင်ရော အရှင်သခင်ဘာလုပ်မလဲ"

Taehyung ဘာပြောပြော အသုံးဝင်မှာမဟုတ် ၊ Jeon Jungkook ရဲ့ သဝန်တိုမှုက ဂိတ်ဆုံးမှာရှိနေသည် ။ Min Yoongi နဲ့ ပတ်သက်ရင် ဟိုးကတည်းကဆက်ဆက်ထိမခံဘူးမဟုတ်လား ။

"Jungkook ... မင်း ကိုယ့်စကားကိုနားထောင်ပေးလို့မရဘူးလား ။ မင်းပြောတော့ လိမ္မာပါ့မယ်ဆို"

"ဒီလိုကိစ္စမှာတော့ မလိမ္မာချင်ဘူး"

"မင်း ပြောရဆိုရသိပ်ပြီးခက်တာပဲ"

You've reached the end of published parts.

⏰ Last updated: May 28 ⏰

Add this story to your Library to get notified about new parts!

My Dangerous HusbandWhere stories live. Discover now