Chapter - 22

6.9K 261 32
                                        

Uni

ဒေါ်မြလေဒီ၏ ခေါ်သံကြောင့်ငုဝါမောင်မောင် ထိုလူ့လက်မှ ရုန်းထွက်လိုက်မိသည်။

နက်ရှိုင်းအောင်လည်း မိမိအမေ၏ အက်ကွဲနေသည့်အသံတစ်ခုကြောင့် လှည့်ကြည့်လိုက်မိသည်။ ထိုအခါ မိမိအမေက ငုဝါမောင်မောင်၏ အရှေ့တွင်ဒူးထောက်လာခဲ့သည်။

" အန်တီတောင်းပန်ပါတယ် အန်တီက မင်းဆီကမေမေလို့တောင် မခေါ်ထိုက်တဲ့လူပါ အန်တီက...အန်တီက လူသတ်သမားတစ်ယောက်ပါ "

ဒေါ်မြလေဒီ၏အသံမှာ စကားအဆုံးနားလေးတွေ တိမ်ဝင်သွားလေသည်။ ထို့နောက်ရှိုက်သံလေးများထွက်လာကာ ခန္ဓာကိုယ်တစ်ခုလုံး တုန်ရင်လာတော့သည်။

" ဘာ!!! "

" ဟမ် မေမေ မေမေဘာတွေပြောနေတာလဲ "

နက်ရှိုင်းအောင် မိမိအမေ၏စကားကြောင့်
မယုံကြည်နိုင်စွာကြည့်၍ နောက်တစ်ကြိမ်ပြန်မေးလိုက်မိသည်။ ခုတင်ပေါ်ထက်ရှိ ငုဝါမောင်မောင်ကတော့ အသက်မဲ့နေသည့် မျက်လုံးများဖြင့် မိမိအမေအားကြည့်နေတော့သည်။

" အန်တီ မရည်ရွယ်ပါဘူးသားရယ် အန်တီတကယ်မရည်ရွယ်တာပါ အန်တီအကြောင်းစုံရှင်းပြတာကိုနားထောင်ပေးပါနော် "

ဒေါ်မြလေဒီ၏ ငိုရှိုက်သံမှာပို၍ပင် သိသာထင်ရှားလာသည်။

လွန်ခဲ့သည့် ၃ ရက်က...

ဒေါ်မြလေဒီ ကားပေါ်မှာဆင်းကာ နှစ်ထပ်အိမ်သေးသေးလေးရှေ့တွင်မတ်တပ်ရပ်လိုက်လေသည်။ထို့နောက် အိမ်ပုံစံလေးအားကြည့်ကာ နှာခေါင်းရှုံ့လိုက်မိသည်။

" နေတဲ့အိမ်ကလဲ ငါ့အိမ်ကအလုပ်သမားတွေနေတဲ့အိမ်လောက်တောင်မခန်းနားပါလား အေးပေါ့လေ ဒီယုန်မြင်လို့ ဒီခြုံထွင်တာပေါ့ "

ခနဲ့သည့်လေသံလေးဖြင့် မျက်နှာအားမဲ့ကာပြောလိုက်ခြင်းဖြစ်သည်။ ခြံတံခါးတွင် ​ချိတ်ဆွဲထားသည့် ခေါင်းလောင်းလေးကိုမြင်တော့ ကိုင်ရမှာကို ရွံသည့်ပုံလေးဖြင့် လက်မနဲ့လက်ညှိုးကိုသာ အသုံးပြု၍ ထိုခေါင်းလောင်းလေးကို တီးလိုက်သည်။

ခတ္တမျှကြာပြီးနောက် အိမ်ထဲမှ ဂြိုလ်ကောင်လေး၏ အမေဟုယူဆရသည့် အမျိုးသမီးတစ်ဦးကထွက်လာလေသည်။

My Last Star { Complete }Where stories live. Discover now