Part _46

33.7K 1.6K 129
                                        

🌸ပန်းနုရောင် ဘာသာစကား🌸
~~~~~~~~~~~~~~~~~~~~~~
Part _ 46

"ကျွန်တော်ကိုလည်း မပြောသွားဘူး...."

"ပြောရအောင် နင်က ကလေးကို စကားပြောလို့လား နင့်ဘာသာနင် ကောက်ကွေးနေတာ မဟုတ်ဘူးလား"

ပြစ်တင်ပြောဆိုလာတဲ့ တီငယ်ကို လှမ်းကြည့်လိုက်တဲ့ ပြေပြစ်မျက်နှာသည် ဇီးရွက်လောက် ငယ်ကျသွားလေတော့သည်...
သူက ရွယ်ကိုး ရစ်သမျှခံချင်တာ​လေ အဲဒါကို လူတွေရော ယူထားတဲ့မိန်းကရောက သိမှမသိဘဲ....

တခြားယောက်ျားတွေက မိန်းမတွေ ရစ်မှာစကားများမှာ ကြောက်သလောက် သူကတော့ ကိုးရဲ့ အရစ် အအီ အချွဲလေးတွေကို  ဘယ်လောက်တောင်မှ မျှော်လင့်လိုက်ရသလဲ...သူ့ကို သဝန်တွေတိုပြီး ရစ်စေချင်သည် စကားနာတွေ ထိုးစေချင်သည်...

ဒီလို လုပ်လာလျှင် သူက မချော့ဘဲ နေမယ့်ကောင်လား...အခုဟာက ဒီလောက်ကိစ္စကြီး မြင်ထားကြားထားတာကိုတောင် ဘယ်လိုမှ မနေဘဲ တည်ငြိမ်နိုင်လွန်းတဲ့  မရေခဲတုံးလေးဟာ သူ့ကို အခုချိန်ထိ ရင်ထဲမှာ ရှိရော ရှိရဲ့လားဆိုတဲ့အတွေး တွေးမိတော့ အားငယ်လိုက်ရတာ.....

"ကလေးရဲ့ စတိုင်လ်ကိုက အနေအေးတာလေ သူ့ဟာသူ ဖာသိဖာသာ နေတတ်တာကိုက သူ့အကျင့်လေ ဒါကိုသိသိနဲ့  နင်ကဘာလို့ တပြန်တစီး ပြဿနာရှာရတာလဲ ပြေပြစ်ရယ်"

တီငယ်စကားကြောင့် ပြေပြစ်ရင်ထဲမှာ   နွမ်းလျသွားရလေတော့သည်..ဘာလို့လဲဆိုတော့ အချစ်ခံချင်လို့ပေါ့ တီငယ်ရယ်.....ခရီးသွားတိုင်း ယောက်ျားကို အသိမပေးဘဲ သွားတတ်တဲ့ဟာလေး အခုလည်းသူ့ကို ထားပြီး သွားပြန်ပြီပေါ့လေ....

တစ်အိမ်တည်းနေပြီး လွမ်းနေရသော ခံစားချက်ကို ကိုးကလေးကလွဲရင် မည်သည့်အရာကမျှ ဖြည့်တင်းနိုင်မှာမဟုတ်....ညများစွာ သူ့ရင်ခွင်ထဲမှာ ထည်ပြီး သိပ်ခဲ့ရသော ခန္ဓာကိုယ်နုနုကို သူသည်လည်းပဲ ပြင်းပြင်းပြပြကြီးကို  လွမ်းနေမိပါသည်...

မျက်နှာလေးမြင်ပြီး စိတ်ကောက်နေရတာကို လူက ခံနိုင်ရည်ရှိသေးပေမယ့် အရိပ်ကလေးတောင် မမြင်ရရင် သူသည် လုံးဝ နေနိုင်မှာမဟုတ်...ကားသော့ အမြန်ပြေးယူပြီး အပေါ်ထပ်ကနေ တဒုန်းဒုန်းတဒိုင်းဒိုင်းဖြင့် ဆင်းလာနေသော သူ့ကို တီကြီးက ဘယ်လဲဟု မေးနေပေမယ့် သူမဖြေအားတော့ပါ...

🌸ပန်းနုရောင်ဘာသာစကား🌸Where stories live. Discover now