Part _ 45

34.6K 1.6K 90
                                        

🌸ပန်းနုရောင် ဘာသာစကား🌸
~~~~~~~~~~~~~~~~~~~~~~
Part _ 45

"ဟ ဘာကို အဲဲဒီတော့လဲ မင်းစိတ်ထဲမှာ ငါ့ကို ထည့်ထားခဲ့ရိုး ရှိနေခဲ့ရိုးမှန်ရင် မင်းသဝန်တိုရမှာပေါ့ စိတ်ကောက်ရမှာပေါ့ ရစ်ရမှာပေါ့ အခု မင်းက ဘယ်လိုမှ မနေဘူးလား"

"ကလေးကလားတွေ....."

"ဘာကွ  တောက်  ရွယ်ကိုး......"

"ဘာလဲ"

"မင်း ငါ့ကို ဘယ်လို သဘောထားလဲပြော  အမှန်အတိုင်းပြော .. အကုန်ပြော"

"ဘာကို သိချင်တာလဲ"

"မင်းနဲ့ငါက လင်မယား မင်းယောက်ျားဖြစ်တဲ့ငါ့ကို မင်းစိတ်ထဲမှာ ဘယ်လို သဘောထားသလဲ ငါနဲ့ ပတ်သက်ပြီးတော့ မင်းစိတ်ထဲမှာ ဘာတွေ ရှိသလဲဆိုတာ သိချင်တာ ကဲ ပြော ဘာမှ မရှိဘူးလား"

"ရှိတယ်"

"အဟဲ..."

ပြေပြစ် ရင်တွေ ဆောင့်ခုန်သွားရပြီး တုံးပေကတ်သတ်မလေးကို  ပြုံးကြည့်လိုက်သည်။လက်ကို ဟန်ပါပါပိုက်ကာ ရင်ကို   ကော့ထားလိုက်ရင်း .....

" ကဲ ကိုးကလေး ပြောတော့လေ ကိုယ်နားထောင်နေတယ်"

"ဦးပြေပြစ်ဂုဏ်ရောင်ဆိုတဲ့လူဟာ ..."

"ဟာ  ဟေ့ ဘာကို ဦးပြေပြစ်ဂုဏ်ရောင်လဲ"

"ခင်ခင့်အဘွားနဲ့ ဦးပြေပြစ်အဘိုးက အတင်းပေးစားလို့ လက်ထပ်ယူထားရတဲ့လူ "

"ဘာ"

"သူက ခင်ခင်ကို လုံးဝ မရချင်ဘူး"

"ဟာ ...ကိုး"

"ကျောင်းပြီးရင် ယူရမှာစိုးလို့ စာမေးပွဲ ကျအောင်လုပ်တယ် ..ရည်းစားထည်လဲ ထားတယ် ခင်ခင်ကို လာကြိုတဲ့ကားပေါ်မှာတောင် ရည်းစားကို ခေါ်တင်လာတယ် မိတ်ဆက်ပေးတယ်"

"ဟာ အဲဒါ အရင်ကပါ ကိုးရယ် .. ငါ ငါက အခု တစ်ယောက်မှမတွဲ ..."

"အခုချိန်ထိ တွဲနေတုန်းဆိုလည်း ဘယ်ကောင်းတော့မလဲရှင့် ဒါပေမယ့် လူဆိုတာ သူ့သဘောနဲ့သူ နေကြထိုင်ကြတာလေ ဘေးလူက ဘာပြောလို့ ရမှာလဲ"

"ဟာ ကိုး မင်းငါ့ကို ဘယ်လိုတွေ ထင်နေတာလဲ"

"ဘယ်လိုမှ မထင်ပါဘူး မယူချင်တဲ့မိန်းမကိုတောင် လူကြီးတွေ မျက်နှာထောက်ပြီး ယူခဲ့သေးတာပဲ..အခု အိမ်ထောင်သည် ဖြစ်ပြီးနောက်ပိုင်းမှာတော့ ပိုပြီးတော့ ထောက်လိမ့်မယ် မဟုတ်တာတွေ မလုပ်လောက်ဘူးလို့  ထင်ထားပါတယ်"

🌸ပန်းနုရောင်ဘာသာစကား🌸Where stories live. Discover now