ကားအဖြူရောင်တစ်စီးကသူ့ရှေ့ကိုရောက်ရှိလာတာကြောင့်ဘယ်သူများပါလိမ့်ဆိုပြီးရှောင်ကျန့်ထိုင်နေရာကနေထလိုက်ပြီးမော့ကြည့်လိုက်တော့ကားတံခါးကိုဖွင့်နေတဲ့မောင့်ရဲ့လက်သွယ်သွယ်ကြောင့်ရှောင်ကျန့်မျှော်လင့်ချက်ရေးရေးတို့ရှိလာခဲ့သည်။မောင်ကရှောင်ကျန့်ဆိုသည့်သူ့ဆီကိုပြန်လာခဲ့သည်လား။လက်ထပ်ပွဲကိုပစ်ပြီးမောင်ကသူ့ကိုရွေးချယ်သည်လား။
ကျေနပ်မှုနဲ့ပျော်ရွင်မှုတို့လှိုက်တက်လာခဲ့ပြီးမယုံကြည်နိုင်ဟန်နှင့်မျက်ရည်တွေကိုသုတ်ပြီးပြန်ကြည့်လိုက်တော့မိုးရေထဲမှာစိုရွှဲနေတဲ့မောင်ကသူ့အားစိုက်ငေးကြည့်နေခဲ့လေသည်။ဒါကအိမ်မက်မဟုတ်ခဲ့ဘူးပဲမောင်ကသူ့ကိုရွေးချယ်ခဲ့ပြီပဲ။
အရက်တစ်ခွက်သည်ချိုတယ်ပြင်းတယ်
မောင်သည်ဒဏ်ရာပေးဆေးထည့်တယ်"မောင်...မိုးရေတွေစိုကုန်ပြီလေမောင်နဲ့ဓာတ်မတည့်မှန်းသိရဲ့နဲ့"
"ကျစ်!!အဲ့စကားကငါလိမ်တာ ဟာကွာမင်းအဲ့လောက်တုံးအရလားရှောင်ကျန့် "
"ဟင်..မောင်ကလိမ်ခဲ့တာလား"
ရတယ်..မောင်လိမ်လည်းရတယ်။ငါယုံပေးမယ်လေမောင် အဲ့လိုစိတ်ပျက်နေတဲ့မောင့်ရဲ့အကြည့်တွေနဲ့တော့ငါ့ကိုမကြည့်ပါနဲ့မောင်ရယ်။ငါ့ရင်တွေနာစေတဲ့အဲ့ဒီအကြည့်တွေကိုရုတ်သိမ်းပေးပါလားမောင်ရယ်။
"ဝမ်~~~~"
ပျားရည်လိုချိုနစ်ပြီးဆွဲဆောင်မှုရှိတဲ့အသံပိုင်ရှင်သည်ကားပေါ်ကနေဆင်းလာသည့်အချိန်ရှောင်ကျန့်မတ်တပ်ပင်မရပ်နိုင်တော့ပဲလဲကျသွားခဲ့သည်။မောင်ကချူယဲကိုပဲထပ်မံရွေးချယ်သွားပြန်ပြီပဲ။မောင်ပြောသလိုသူကသိပ်တုံးအတာပဲ။
"မင်းကိုအသေအကြေကားနဲ့လိုက်ရှာတာကအားယားနေလို့မဟုတ်ဘူး မင်းကိုငါသေချာပြောထားတယ်လေရှောင်ကျန့်!!မင်္ဂလာဆောင်မှာရှိနေပါလို့အတန်တန်ပြောရဲ့သားနဲ့ ဟမ် မင်းဘာစောက်ချိုးချိူးတာလည်း"
မောင်ကခြေတစ်လှမ်းချင်းသူ့ဆီကိုလှမ်းလာကာဒေါသတကြီးအော်ဟစ်ပြောဆိုနေပုံမှာချူယဲဆိုသည့်မိန်းမကြောင့်တဲ့။မောင်မွေးပြီဆိုကတည်းကမောင့်ပါးဖောင်းဖောင်းလေးတွေကိုကိုက်ကြည့်ခွင့်ရှိသူကမောင့်မိဘပြီးရင်ငါပါမောင်ရဲ့။

YOU ARE READING
မောင်ကသူ့အားပျော်တော်ဆက်တဲ့
Poetryအရက်တစ်ခွက်သည်ချိုတယ်ပြင်းတယ် မောင်သည်ဒဏ်ရာပေးဆေးထည့်တယ်