Part _ 44

34.8K 1.6K 104
                                        

🌸ပန်းနုရောင် ဘာသာစကား🌸
~~~~~~~~~~~~~~~~~~~~~~
Part _ 44

"ဟယ် သား ပြေလေး
မျက်နှာက ဘယ်လိုဖြစ်လာတာလဲ "

"ဟယ် ပြေလေး "

"ဟာ ငါ့မြေး "

ကားပေါ်ကနေ ဆင်းလာတဲ့ မြေးဖြစ်သူရဲ့မျက်နှာကြောင့် အိမ်ကမိသားစုအကုန် ကြည့်ကာ အံ့သြနေကြသည်...

မျက်နှာတစ်ခုလုံး ဖူးယောင်နေကာ နားထင်နားမှာပါ ကွဲနေလေသည်...

"ငါ့မြေး "

"သား ဘာမှ မဖြစ်ဘူး ဘိုးဘိုး "

အပေါ်ထပ်ကို တက်ဖို့ လုပ်နေပေမယ့် အဒေါ်နှစ်ယောက်က အတင်းဆွဲထားတာကြောင့် ပြေပြစ်ဂုဏ်ရောင် စိတ်တိုလာပြီဖြစ်သည်...

"လွှတ်ပေးပါ တီကြီးတို့ရာ ရွယ်ကိုးနဲ့  စကားပြောရမှ ဖြစ်မယ် "

"ဘာဖြစ်လာကြတာလဲ....ကလေးကို ကြိုနေကျနင်က ဒဏ်ရာတွေနဲ့ ပြန်လာပြီး ကလေးက အငှားကားနဲ့ တစ်ယောက်တည်း ပြန်လာရတယ် "

မေးလိုက်တော့ ရုပ်က သနားစရာကောင်းလောက်အောင် ပျက်ကျသွားကာ သနားစရာအတိ...

"ဟဲ့ နင် ငါ့သမီးကို ဘာလုပ်ပြန်ပြီလဲ "

"တီငယ်သမီးမဟုတ်ပါဘူး....သားမိန်းမ "

"ဘာတွေဖြစ်ကြတာလဲ ပြောစမ်းပါ ပြေလေးရယ် ကလေးကို နင်ဘာအနိုင်ကျင့်ပြန်ပြီလဲ "

"ဒဏ်ရာရလာတဲ့သားကိုကျ မပူကြတော့ဘူးလား ဂျီးဒေါ်တို့ရယ် "

"ကဲ ငါ့မြေး ဘာတွေဖြစ်တာလဲ သေချာပြောစမ်း ....မြကျောက် ကလေးအနာတွေ ကို ဆေးထည့်ပေး ...ဆရာဝန်ခေါ်လိုက်သွား"

"ရတယ် ရတယ်  မထိနဲ့ ....ကိုး လုပ်ပေးလိမ့်မယ် "

"ကဲ ဒါဆို ဘာဖြစ်တာလဲ အရင်ပြော "

ပြေပြစ်ဂုဏ်ရောင်က ဒီနေ့ဖြစ်သမျှကို မချွင်းမချန် တစ်လုံးမကျန် ပြောပြလိုက်သောအခါ....

"တောက်..မင်းက ငါ့မြေးလို့ မပြောစမ်းနဲ့ "

"ငါ့သမီးလေး ရှက်တာလည်း မပြောနဲ့...ငါသာဆိုလည်း ငါ့သမီးလိုပဲ ထားခဲ့မှာနင့်ကို "

"ပြေလေးရယ် ဘာလို့ စိတ်လိုက်မာန်ပါတွေ လျှောက်လုပ်ရတာလဲ ကလေးကျောင်းမှာ နင်အတော် ပြဿနာရှာတယ်ဟယ် "

🌸ပန်းနုရောင်ဘာသာစကား🌸Where stories live. Discover now