Chapter - 18

7.3K 325 62
                                        

Uni

" မငိုနဲ့တော့ကွာ မင်းငိုနေတော့မောင်ကဘယ်လိုစိတ်နဲ့ သွားရမှာလဲ "

နက်ရှိုင်းအောင် မိမိအားဖက်ကာ ကလေးတစ်ယောက်ကဲ့သို့ငိုနေသည့် ကောင်လေးကြောင့်
နောက်ဆံတင်းနေရသည်။

အိမ်တော်ကိုစရောက်ပြီး တစ်ပတ်လောက်အကြာတွင် ဖေဖေနှင့်အတူ ထိုင်းဘက်မှ မှောင်ခို လုပ်ငန်းများကို လေ့လာရန်သွားရမည်ဟု ဖေဖေ့ဆီမှအမိန့်ချလာခဲ့သည်။ တစ်ခုလိုချင်လျှင် တစ်ခုကိုစွန့်လွှတ်ရသည် ဆိုသည့်အတိုင်း ငုဝါမောင်မောင်နှင့် လက်ထပ်ပွဲကျင်းပရေးအတွက် နှစ်ယောက်အတူရှိနေချိန်လေးတော့စွန့်လွှတ်ရပေလိမ့်မည်။

" ဖုန်းထဲကအမြဲတမ်းဆက်သွယ်လို့ရတာဘဲလေ မောင့်အသဲရာ "

နက်ရှိုင်းအောင် ချော့မော့ကာပြောနေသော်လည်း ထိုကလေး၏လက်သေးသေးလေးများက မိမိအားကျစ်ကျစ်ပါအောင် ဖယ်ထားသေးသည်။ ထို့ပြင်ဘာမှပြန်မပြောဘဲ ရှိုက်သံလေးအနည်းငယ်သာ ထွက်ရှိလာသည်။

" မင်းစိတ်အဆင်မပြေ​တာရှိတိုင်းမောင့်ကိုပြောနော် မောင် ဟိုကနေ အကုန်စီစဥ်ပေးမယ် "

ငုဝါမောင်မောင် ထိုစကားကိုကြားသည့်အချိန် ဖက်နေရာမှ ဖျက်နှာလေးခွာကာ မိမိရှေ့မှ လူအားမော့ကြည့်လိုက်သည်။

" ငါဘာလုပ်ခိုင်း လုပ်ခိုင်းအဲ့ကနေလုပ်ပေးမှာလား "

" အင်း မင်းသာမျက်ရည်မကျဘူးဆို ငါဘာမဆိုလုပ်ပေးမယ် "

ငုဝါမောင်မောင် မိမိရှေ့မှ ထိုလူ့အား ဖက်လိုက်ပြီး ထိုလူ့နောက်ကွယ်တွင်မဲ့ပြုံးလေးတစ်ခုဆင်မြန်းလိုက်သည်။

သိတာပေါ့။ ငုဝါမောင်မောင်ကို ဘယ်သူက ဘယ်လိုမကြည်တာကို...။ သားဖြစ်သူရှေ့မှာတော့ ပျားရည်လိုချိုပြီး နောက်ကွယ်မှာကျတော့ သံပုရာရည်လို ချဥ်နေတဲ့ဟာတွေ ငုဝါမောင်မောင်နဲ့တွေ့ကြသေးတာပေါ့...

" မောင့်ကိုသတိရတိုင်းဖုန်းဆက်နော် "

" အင်း "

ထိုအချိန် အခန်းတံခါးခေါက်သံကိုကြားလိုက်ရသည်။

" သားရေ "

My Last Star { Complete }Where stories live. Discover now