Part _ 43

35K 1.6K 112
                                        

🌸ပန်းနုရောင် ဘာသာစကား🌸
~~~~~~~~~~~~~~~~~~~~~~
Part _ 43

"ရွယ်....ကိုး.....မင်း အဲဒါဘာလုပ်လိုက်တာလဲ "

"မစားဘူးဆို မစားတဲ့လူကို အတင်းခခယယကျွေးမနေဘူး ...."

ငါးအူချောင်းဖတ်များသည် လက်မြန်သူ
ကြောင့်Juicy၏ပန်းကန်ထဲသို့ရောက်ရှိသွားကာ ဒူးမနာသားလေး Juicy ဟာ သူ့မိန်းမက သူ့အတွက်ဆိုပြီး ဝယ်လာသော ငါးအူချောင်းများကို အားရပါးရ လွေးနေလေတော့သည်...

"ခွေးကောင်...!! "

ပြေပြစ်ဂုဏ်ရောင်ရဲ့ ခြေထောက်က ဒူးမနာသားဖြစ်သူ Juicy ဆီကို ရောက်ခါနီးဆဲဆဲ.....

"ကန်ရဲကန်ကြည့် "

"ကန်တော့ ဘာလုပ်ချင်လဲ "

ငယ်ငယ်လေးတည်းက မွေးလာတဲ့ ကလေးမို့ ပြေပြစ်ဂုဏ်ရောင်သည် Juicy ကို မိသားစုတမျှ ချစ်ပါသည်...
သို့သော် သူ၏ ဗီဇအရ သူ့အတွက်ဟုသတ်မှတ်ထားသော အရာကို တခြားတစ်ယောက်နဲ့ ဝေမျှရလျှင် အပိုင်ရသွားလျှင် မကြိုက်တတ်သူ ဖြစ်သည်...

အခု သူ့အတွက် ကိုး ကိုယ်တိုင် ယူလာသောမုန့်ကို Juicyက အားရပါးရ စားပစ်နေတာကိုကြည့်ပြီး သူ့ရင်ထဲမှာ ခံရခက်လှသည် ..သူသည် စိတ်ပုပ်တာမျိုးမဟုတ်ပေမယ့် သူ၏မွေးရာပါ ဗီဇအရတော့ သူ့အတွက်ဟု သတ်မှတ်ထားလျှင် ဘယ်သူ့ကိုမှ ခွဲဝေမပေးနိုင်သော ညဉ်ဆိုးလေးက ရှိပါသည်...

"ကန်လေ သတ္တိရှိရင်ကန် "

မျက်မှန်မရှိတော့တာကြောင့် မျက်ဆန်နက်နက်လေးတွေက ထင်းကနဲ ပေါ်နေကာ ရုပ်လေးက မော့မော့လေးနဲ့ သူ့ကိုရန်ပြန်တွေ့နေပုံက ချစ်စရာကောင်းလှပေမယ့် ပြေပြစ်သည် စိတ်ကို မလျှော့လိုက်နိုင်သေးပါ...သူ့အတွက်လို့ သတ်မှတ်ထားတာကို ဘာလို့ ဟိုခွေးကောင်ကို ကျွေးပစ်ရတာလဲ...

"မလုပ်ရဲဘူး ထင်နေလား..."

"လုပ်ရဲရင်လုပ် "

juicy ကိုအလယ်မှာထားပြီး နှစ်ယောက်သားက ရန်ဖြစ်နေကြလေသည်....

"ဘာလို့ မင်းက ဒီကောင်ဘက်က နာပေးနေတာလဲ "

"အပြစ်မရှိတဲ့ ကလေးကို နာအောင်လုပ်နေလို့တားနေတာ "

"ငါ့မုန့်ကို ဘာလို့ သူ့ကိုကျွေးပစ်တာလဲ "

🌸ပန်းနုရောင်ဘာသာစကား🌸Where stories live. Discover now