Chapter - 16

9.2K 257 58
                                        

Uni

" စားကောင်းလား "

" အင်း...မဆိုးပါဘူး "

ငုဝါမောင်မောင်တို့ ဟော်တယ်မှ ကျွေးသည့် breakfast ကို စားနေကြခြင်းဖြစ်သည်။
နက်ရှိုင်းအောင်ဆိုသည့်ထိုလူက ဘာစိတ်ကူးတွေပေါက်နေလည်းတော့မသိပေ။ မိမိအား ပုစွန်အခွံများကို စိတ်ရှည်လက်ရှည်ခွာပေးနေသည်။ ငုဝါမောင်မောင် မိမိအရှေ့မှ အခွံခွာနေသည့် ထိုလူ့အားကြည့်နေမိသည်။

" ဘာကြည့်နေတာလဲ "

ထိုလူက မိမိအားမကြည့်ဘဲ ပြောလာသည်ကြောင့် သူခိုးလူမိသလို ရင်ထဲထိတ်ခနဲပင် လန့်သွားရ၏။ ထို့ပြင် ရှက်ရမ်းရမ်းကာ အရှေ့မှ ထိုလူခွာပေးထားသည့် ပုစွန်အား ကောက်စားလိုက်မိသည်။

" ငါ...ငါဝေခွဲမရဘူး နက်ရှိုင်းအောင် "

" ဘာကိုလဲ "

" ငါအကို့ကိုအားနာတယ် အကိုတင်မဟုတ်ဘူး ငါ့ရဲ့အမေနဲ့အကို့ရဲ့အမေကိုရောဘဲ ငါခုဘယ်လိုမျက်နှာနဲ့ အဲ့အိမ်ကိုသွားရမှာလဲ "

ငုဝါမောင်မောင်၏လေသံမှာအနည်းငယ်တုန်ရင်နေ၏။ ထိုမူမမှန်သည့်အသံကြောင့် နက်ရှိုင်းအောင် ထိုပေါက်စအား ကြည့်လိုက်သည်။ ထို့နောက် တုန်ရင်နေသည့် လက်ချောင်းသွယ်သွယ်ထို့အား မိမိလက်ဖဝါးထဲတွင် ထည့်ကာ အနွေးဓာတ်ပေးလိုက်သည်။

ထို့နောက် မျက်ရည်ကြည်တို့လက်နေသည့်မျက်ဝန်းလေးအား စိုက်ကြည့်လိုက်၏။

" မင်းကိုငါ့အမျိုးသားအဖြစ်အပိုင်သိမ်းပြီးပြီး my star မင်းဘယ်လိုဘဲဝေခွဲမရဖြစ်နေပါစေမင်းကငါ့အပိုင်ဖြစ်နေပြီ။
ငါဘယ်လိုအခြေအနေမျိုးမှာမဆို
ဘယ်သူ့ကိုမှ အောက်ကျခံပြီး မတောင်းဆိုဘဲ မဖြစ်ဖြစ်အောင်လုပ်ခဲ့တဲ့ကောင်ပါ။
ဒါပေမဲ့ မင်းကငါ့ဘဝရဲ့အထူးပုဂ္ဂိုလ်လေးမလို့ ငါတောင်းဆိုပါရစေ my star..."

" ......"

" မင်းငါ့ကိုဘဲ အားကိုးပေးနိုင်မလား "

ထိုစကားကြောင့် ငုဝါမောင်မောင်၏မျက်လုံးထဲတွင် တစ်စုံတစ်ခုဖြတ်ပြေးသွားရသည်။ကြားလိုက်ရသည့်မိမိ၏နားကိုပင် မယုံနိုင်ဖြစ်သွားရလေသည်။

My Last Star { Complete }Where stories live. Discover now