🌸ပန်းနုရောင် ဘာသာစကား🌸
~~~~~~~~~~~~~~~~~~~~~~
Part _ 41"မရတာကိုများ ဘာလို့ အမောခံနေတာလဲ"
"ဟင်"
"ဒါဆို ငါတို့က ကလေးမယူခင် ဘာလုပ်နေရမှာလဲ"
"ဒီလိုပဲနေပေါ့ အရင်ကလည်း ဒီလိုပဲ နေတာပဲကို ဘာများ ထူးဆန်းနေလို့လဲ"
"ဟမ်"
ပြောချင်ရာ ပြောနေသော သူ့ဟာလေးကို ကြည့်ကာ ပြေပြစ်အသည်းတွေ အူတွေ ယားသွားရတော့သည်။ရင်ခွင်အောက်ဆွဲသွင်းကာ မျက်နှာလေးအနှံ့ နေရာလွတ်မကျန်အောင် ဖိကပ်နမ်းရှိုက်နေသည့်တိုင်အောင် မလုံလောက်နိုင်အောင်နမ်းမဝဖြစ်နေရပြီး သိမ်းကျုံးဖက်ပစ်ကာ ရင်ခွင်ထဲအတင်းဆွဲသွင်းပစ်လိုက်လေသည်....
ကိုးရဲ့တစ်ကိုယ်လုံးမှာရှိသောအစိတ်အပိုင်းတိုင်းကို သူသည် သဘောကျရလွန်းတာကြောင့် ထိတွေ့မိလိုက်တိုင်းလည်း နူးညံ့အိထွေးသော ထိုအစိတ်အပိုင်းများကို ပြန်မလွှတ်ချင်လောက်အောင်ထိ စွဲမက်ရပြန်သည်....
"လွှတ်တော့ "
"မလွှတ်ချင်ပါဘူးကွာ "
"ဖယ်တော့ဆို ....တော်ပြီလေ "
"နိုး မောချင်သေးတယ် "
"အရှက်ကိုမရှိဘူး "
"ယောက်ျားဆိုတာ ဂန်ဒူးနဲ့ နှာဘူးနှစ်မျိုးပဲရှိတာကွ ငါက ဂန်ဒူးမှမဟုတ်တာ "
"နှာဘူးကြီးပေါ့ "
"အေး လုပ်စမ်းပါ ငြိမ်ငြိမ်နေ မိန်းမကို ဘူးတာ ဘာဖြစ်လဲ "
ပြေပြစ်ဂုဏ်ရောင်သည်သူ၏လက်ချက်ဖြင့် စိုရဲနေသောနှုတ်ခမ်းလေးအား အားပြင်းပြင်းဖြင့်စုပ်ယူနမ်းရှိုက်လိုက်တော့ လက်သေးသေးလေးတွေဟာ သူ့ခါးကိုတင်းကြပ်စွာပြန်ဖက်တွယ်လာလေတော့သည်...
"လိမ္မာလိုက်တာ.....အိမ်ကကလေးလေးက အလိမ္မာဆုံးပဲ "
"သွား ....."
"အဟွန်း ဟွန်း "
ဒါလေးကို ဘယ်တုံးက ဘယ်လို ဒီလောက်ထိချစ်သွားမိသလဲမသိရအောင်အထိ ဒီမိန်းကလေးကိုသူဟာ မြတ်နိုးတဲ့စိတ်အပြည့်နဲ့ချစ်မိသွားခဲ့သည်....
ဘဝမှာပထဆုံးအနေနဲ့ လူတစ်ယောက်ကိုချစ်မိလိုက်ချိန်မှာ စိတ်ကလေးဟာကြည်လင်အေးမြသွားခဲ့သည်....
တစ်ဖက်လူရဲ့အတွေးတွေတစ်ဖက်လူရဲ့အကြောက်တရားတွေကို ဘာသာပြန်တတ်ခဲ့တယ်....
ကိုယ့်ရဲ့ပြည့်စုံခြင်း မပြည့်စုံခြင်း..
ကိုယ့်ရဲ့ကျန်းမာခြင်း မကျန်းမာခြင်း....
ကိုယ့်ရဲ့အနာဂတ်မှာရှင်သန်ရပ်တည်ဖို့အကြောင်းတရားတွေ အရာအားလုံးကို သူသည် ဒီအမျိုးသမီးလေးနဲ့မှ အတူတူလုပ်ဆောင်ချင်တယ် ဖြတ်သန်းချင်တယ်ဆိုတဲ့ လောဘစိတ်လေးတက်လာခဲ့သည်....
အဆုံးထိ သူမနဲ့ပဲ ပန်းနုရောင်ချစ်ခြင်းတွေဖန်တီးချင်မိသည်...
ပါးစပ်ကတဖွဖွ ချစ်လိုက်တာလို့ပြောမှာထက် သူရဲ့ ပန်းနုရောင်ချစ်ခြင်းတွေကို ဘာသာစကားတစ်ခုကဲ့သို့ နားလည်စေချင်မိသည်.......
ကိုယ့်ရဲ့ ပန်းနုရောင်ဘာသာစကားတွေကို ကိုးက အမြဲလက်သင့်ခံပေးမယ်မဟုတ်လား......
_
_
_
_
_
_
ရေထဲလည်းမဆင်း ပင်လယ်ပြင်ကြီးရဲ့ လှိုင်းသံတဝုန်းဝုန်းကို အဝေးကနေ dream bedပေါ်ကထိုင်ကြည့်ရင်း ပင်လယ်ရနံ့လတ်လတ်ဆတ်ဆတ်လေးကို တစ်ဝကြီး ထိုင်ခံစားနေလိုက်သည်...

YOU ARE READING
🌸ပန်းနုရောင်ဘာသာစကား🌸
Romanceနှောင်ကြိုးပဲရှိရှိ မိုးသက်မုန်တိုင်းပဲရှိရှိ ငှက်တစ်ကောင်သာဖြစ်ခွင့်ပေးပါ.... မင်းဆီ ကိုယ် အရောက်လာခဲ့မှာပါ....... Start Date _ March 21 ,2025 End Date _Jun 10 ,2025