Chapter - 13

8.4K 406 48
                                        

Uni

" Blue Star "

နန္ဒ ပြန်ဖြေလာသည့်စကားကြောင့် နက်ရှိုင်းအောင်မျက်လုံးပင်ပြူးသွားရတော့၏။ သူထင်တာမမှားလျှင် ပန်းနုရောင်ဆံပင်ပိုင်ရှင်လေးက မိမိပိုင်ဆိုင်ရာ တစ်ခုတည်းသော
ကြယ်ပွင့်လေးပင် ဖြစ်နိုင်သည်။

" ငုဝါမောင်မောင်က အခုတလော အရင်ကထက်ပိုလှလာတယ် ငါတောင်ကြွေချင်နေပြီ
မင်းဟာလေးမလို့ ချန်ပေးထားတာ "

" အဟက်...မင်းမချန်လဲငါကအရယူမှာ ဟိုမအေဘေး နဲ့ ငုဝါမောင်မောင်က ဘယ်အ
ဆင့်ထိရောက်နေပြီလဲ "

" ငါလဲသေချာမသိဘူး သူတို့နှစ်ယောက်ကို မိဘတွေသဘောတူထားတယ်လို့တော့ သက်ခန့်အောင်တစ်ခါပြောဖူးတယ် ပြီးတော့ ခုသူတို့က ရည်းစားတွေဖြစ်နေကြပြီတဲ့ မိဘတွေအချင်းချင်းကသိတဲ့အပြင် အိမ်ကလဲနီးတော့ တစ်ချိန်ကျရင် အိုးချင်းထားရင်အိုးချင်းထိ တော့မှာ သေချာတယ် "

" ဘာဘဲဖြစ်ဖြစ် ငုဝါမောင်မောင်ကိုငါရအောင်ယူမယ် ကုန်ကုန်ပြောရရင် သူတို့လက်ထပ်မယ်ဆိုရင်တောင် ငုဝါမောင်မောင်က ငါ့အပိုင်အဖြစ်သတ်မှတ်ထားတာမို့ မင်္ဂလာပွဲမှာတင် ကားတင်ပြေးမှာ "

" မင်းအဲ့လိုလုပ်ရင် ငုဝါမောင်မောင်ရဲ့ နာမ်ကိုဘဲပိုင်ဆိုင်​ကောင်း ပိုင်ဆိုင်ရနိုင်ပေမဲ့ သူ့ရဲ့ စိတ်ရင်းနဲ့ ချစ်ခင်မှုကိုတော့ မင်းပိုင်မှာမဟုတ်ဘူး "

" ငါကလဲ အဲ့ဒါကိုဘဲလိုချင်တာလေ သူငါ့ကိုပြန်ချစ်တာမချစ်တာ စောက်ရေးမကြီးဘူး အဓိကက ငါသူ့ကိုချစ်နေရင်ပြီးပြီ ကျန်တာမလိုဘူး "

နက်ရှိုင်းအောင်၏ စကားကြောင့် ကြားရသူ
နန္ဒမှာ မိမိနားကိုပင် မိမိမယုံချင်တော့ပေ။

" ဘာ...မင်း မင်းခုနကချစ်တယ်လို့ပြောလိုက်တာလား "

ထိုအခါ အောက်နက်ဆိုသည့်အကောင်က တစ်ချက်ပြုံးကာ တစ်ဖက်သို့လှည့်သွားသည်။ နန္ဒမနေနိုင်တော့ဘဲ အောင်နက်လှည့်သည့်ဘက်သို့ သွားကာ မျက်နှာချင်းဆိုင်ကာ ပြောလိုက်သည်။

" ဟ...ငါ့ကောင်ကြီးက တကယ်ချစ်မိသွားတာဘဲ "

ဟုတ်ပါသည်။ နက်ရှိုင်းအောင်ဆိုသည့်အကောင်မှာ သူဘယ်သူ့ကိုဘယ်လောက်ပင် သဘောကျနေပါစေ ချစ်တယ်လို့ မည်သူ့ကိုမှ ထုတ်မပြောဖူးပေ။ နန္ဒ ဒီတစ်သက် နက်ရှိုင်းအောင်ဆီမှ ချစ်တယ် ဆိုသည့်စကားကို ကြားရမည်မဟုတ်ဟု သတ်မှတ်ထားခြင်းဖြစ်သည်။ သို့သော် ယခုတော့လုံးလုံးကြီး မှားသွားလေပြီ ။

My Last Star { Complete }Where stories live. Discover now