Uni
နက်ရှိုင်းအောင် မြန်မာပြည်စရောက်ရောက်ချင်းစိတ်ရှုပ်စရာတွေနှင့်သာစတွေ့လေသည်။Blue Star ဆိုသည့်ဆိုင်လေးမှ Americano coffee သောက်ပြီးပါသော်လည်း ထိုစိတ်ရှုပ်ထွေးစရာတို့ကပျောက်မသွားပေ။
ထိုအရာမှာ Coffee မကောင်း၍ကြောင့်မဟုတ်ပေ။ မိမိအပိုင်လေးနှင့် ရေမွှေးနံ့ဆင်နေသည့်ကောင်မလေးကြောင့်ပင်။ ထိုကောင်မလေး မိမိဘေးမှဖြတ်သွားသည့်အခါ ထိုရနံ့နှင့်အတူ မိမိနှလုံးခုန်မြန်လာရသည်ကို နက်ရှိုင်းအောင်သတိထားမိသည်။
သို့သော် မိမိအပိုင်လေး၏ ရနံ့ကိုရလိုက်၍ ရင်ခုန်မိသည်ထင်ပေမဲ့ အနောက်မှ လှမ်း
ကြည့်လိုက်ချိန် ဆံပင်ပန်းနုရောင်ရှည်ရှည်ကို ခါသွားသည့် အပြုအမူလေးကြောင့်လည်း တစ်ဖန်ရင်ခုန်စေပြန်သည်။နက်ရှိုင်းအောင်တွေးလက်စအတွေးတို့အားရပ်ကာ ကားပေါ်မှဆင်းလိုက်သည်။
နက်ရှိုင်းအောင်ကားပေါ်မှဆင်းသည်နှင့် အိမ်အဝကနေ အိမ်ထဲအထိ တန်းစီကာမတ်တပ်ရပ်နေကြသော အိမ်အကူများနှင့် bodyguard များမှာ နက်ရှိုင်းအောင်အား ဦးညွှန့်လာတော့သည်။
နက်ရှိုင်းအောင် အနီရောင်ကတ္တီပါကော်ဇောခင်းထားသည့်လမ်းလေးအတိုင်းလျှောက်ကာ အိမ်ထဲသို့ဝင်လိုက်ကာ ဧည့်ခန်းထဲသို့ခြေဦးနှင်လိုက်သည်။
" Welcom from Venomous House my son "
" Thanks, Dad "
" မနက်ဖြန်အတွက် ရင်ခုန်နေပြီလားငါ့သား "
" နဲနဲပါ "
ဖေဖေက မိမိအားဖက်ကာ ဆိုဖာတွင်ထိုင်စေသည်။ ထို့နောက် ဖေဖေကမိမိ၏ရှေ့တွင်နေရာယူကာ လေးနက်သောဟန်ပန်ဖြင့် စကားစပြောလာသည်။
" မနက်ဖြန်ဆို မင်းက ငါတို့မျိုးရိုးရဲ့အမွေဆက်ခံသူဖြစ်လာတော့မှာ အဖေ့ရဲ့ မှောင်ခိုလောက ကိုပါ သားကဘဲကြိုးကိုင်ရမှာ အဖေမင်းကိုယုံကြည်လို့ရမလား "
အဖေ့၏အမေးကြောင့် နက်ရှိုင်းအောင်မဲ့ပြုံးလေးပြုံးလိုက်သည်။ ထို့နောက် စီးကရက်လိပ်အားမီးညှိကာ တစ်ရှိုက်ဖွာလိုက်သည်။
