Episode 13

1.5K 186 57
                                        

#Unicode

မင်းသား Yeon Wooက Jungkookတို့နှစ်ယောက်ကိုထားခဲ့ပြီး အခန်းအပြင်ကိုထွက်သွားသည် ။ မင်းသားထွက်သွားတော့မှ Yeong Minကစကားစလာခဲ့၏။

"Jungkook ... မင်းငါ့ကို လက်ထပ်မယ်လို့ ကတိပေးခဲ့ဖူးတယ် ။ မင်းအဲ့တာကိုမမေ့သေးဖို့ ငါမျှော်လင့်ပါတယ်"

Jungkook ချောက်နက်ထဲကိုပြုတ်ကျသွားသလိုခံစားလိုက်ရသည်။အဲ့ဒီ ကတိတွေကို သူမေ့ဖျောက်ပစ်ခဲ့သည် ၊ အလေးအနက်လည်းမထားခဲ့ ။ Jung Yeong Min နှင့်လည်း ဘယ်တော့မှ ပြန်လည်မတွေ့ဆုံတော့ဘူးဟု တွေးခဲ့သည် ။ သူအရာအားလုံးကို မေ့ပျောက်ခဲ့တာကြာပြီမဟုတ်လား ။

"မင်းက တရားဝင်ကြင်ယာတော်ဖြစ်တော့မယ်ဆိုတော့ ငါ့ကိုအလွယ်တကူမေ့ဖျောက်နိုင်တယ်ပေါ့လေ.. ဟင် Jungkook .... မင်း နပန်းသမားဖြစ်ချင်ခဲ့တာ ငါ့ကြောင့်ဆို ၊ တစ်ချိန်ကျရင် မင်းလက်ထပ်မယ့်သူကငါပါဆို..."

Jungkook ခေါင်းကိုအသာရမ်းကာ

"Yeong Min... ငါအခုအဲ့ဒီအကြောင်းတွေမပြောချင်တော့ဘူး ။ အားလုံးက အတိတ်ပဲလေ... "

"မင်းငါ့ကိုချစ်တယ်ဆို..."

Jungkook တွေဝေသွားခဲ့ရသည် ။ Jungkook ငယ်စဥ်ကတော့ Yeong Minကိုချစ်ခဲ့ဖူးသည်ဟုထင်ပါသည် ။ Jungkook အနားမှာရှိခဲ့သည့် တစ်ဦးတည်းသောယောက်ျားဟာ Jung Yeong Minပဲမဟုတ်လား ။ စားကောင်းသောက်ဖွယ်တစ်ခုခုဆိုရင် Jungkook ကိုအရင်ကျွေးတတ်သည့် တစ်ဦးတည်းသောသူဟာ Yeong Min  ၊ Jungkook ရဲ့နပန်းသတ်ပွဲတိုင်းမှာ Jungkook နာမည်ကိုအသံကုန်ဟစ်ကာအားပေးခဲ့သူမှာ Yeong Min ၊ Jungkook ပြိုလဲနေချိန်တိုင်းမှာ ပခုံးတစ်ဖက်ထိုးပေးခဲ့သူက Yeong Min ၊အမြဲတမ်းJungkook အတွက်သာကြည့်ပေးခဲ့ပြီး Jungkook အပေါ်အကောင်းဆုံး ယောက်ျားတစ်ယောက်ဟာလည်း Yeong Min ပဲမဟုတ်လား ။Jungkook အပေါ်အကောင်းဆုံး အဲ့ဒီယောက်ျားကိုလက်ထပ်ဖို့သာ Jungkook တွေးတောခဲ့သည် ။ ဒါပေမဲ့ အဲ့ဒီယောက်ျားက

"မင်းငါ့ကို ငြင်းခဲ့တာပဲလေ Yeong Min... ငါ့ကိုလက်မထပ်ချင်ဘူးလို့ မင်းပြောခဲ့တာ"

"မင်းငါ့ကို လက်ထပ်မယ်ပြောတုန်းကငါတို့အသက် ၁၆နှစ်ပဲရှိသေးတယ်... ငါတို့တွေငယ်သေးတယ်လေ ...."

My Dangerous HusbandWhere stories live. Discover now