Chapter - 10

8.2K 293 57
                                        

Uni

နောက် ၅ နှစ်ကြာသော်...

မနက်ဝေလီဝေလင်းအချိန်ဖြစ်သည်။ ရှမ်းပြည်နယ်မြောက်ပိုင်းဖြစ်သည့်အပြင် ဆောင်းရာသီအချိန်ဖြစ်သည့်အတွက် အသည်းခိုက်အောင် အေးစိမ့်နေသည်။ လေပြေလေးများကလည်း အအေးဓာတ်လေးများအား သယ်ဆောင်လာသည်။မူဆယ်မြို့၏ အစွန်အဖျားတစ်နေရာဖြစ်သည့်အတွက် လူသူအလွန်ကင်းရှင်းလျက်ပင်။

အုတ်ဂူဖြူဖြူလေးရှေ့တွင်တော့ အအေးဒဏ်ကို ဆွယ်တာအပြာနုလေးဝတ်ကာ အံတုထားသည့် အသက်နှစ်ဆယ်ကျော်အရွယ်ကောင်လေးတစ်ယောက်က မတ်တပ်ရပ်နေသည်။အရပ်ကမရှည်မတိုလေးဖြစ်၏။ ပန်းနုရောင်ဆံပင်ရှည်ရှည်လေးကလည်း ဆောင်းလေအဝှေ့ကြောင့် လှုပ်ရှားနေသည်။

ဆွယ်တာအပြာလေးကိုခါးမြုပ်ကာဝတ်ထားသည့်အတွက် ခါးသွယ်သွယ်လေးက ကြည့်လိုက်လျှင် အထင်းသားမြင်နေရသည်။ထိုကောင်လေးကို မသိသည့်လူဆိုလျှင် မိန်းကလေးဟုအထင်မှားမည်မှာ အမှန်ပင်။

ထိုကောင်လေး၏ ဖြူဝင်းဝင်းပါးပြင်ထက်တွင် မျက်ရည်ကြည်တို့ကအနည်းငယ်စိုနေသည်။ ဆေးကူစရာမလိုသည့် နီဆွေးဆွေးနှုတ်ခမ်းလေး၏အောက်မှ မေးဖျားလေးက ဝမ်းနည်းမှုကိုမျိုသိပ်ထားသည့်အတွက် အနည်းငယ်တုန်ရင်နေသည်။နှာခေါင်းလုံးလုံးလေးမှာလည်း အနည်းငယ်အနီရောင်သန်းနေသည်။

ထိုကောင်လေး၏ဘေးတွင် အသက်အနည်းငယ်ကြီးနေပြီဖြစ်သော မိန်းမကြီး
တစ်ဦးက အတူယှဉ်ကာရပ်သေည်။ ထိုမိန်းမကြီးမှာ ဖြူဖြူလွှလွှသိုးမွှေးထည်ကြီးကိုဝတ်ထားပြီး နှင်းဆီပန်းနီနီ ၅ ပွင့်ကိုလှပသေသပ်စွာစည်းထားသော ပန်းစည်းအားကိုင်လျက် မတ်တပ်ရပ်နေသည်။

" ဖေဖေ သားတို့ဖေဖေ့ကိုထားသွားရတော့မယ် သားမသွားခင်ဖေဖေ့ကိုကန်တော့ခဲ့ပါတယ်နော် "

ထိုသို့ပြောကာ စိမ်းမြစိုစွတ်နေသော မြက်ခင်းစိမ်းစိမ်းပေါ်ထက်တွင် ထူးထောက်ထိုင်ကာ ဖခင်ဖြစ်သူ၏ အုတ်ဂူလေးအား အသက်ရှင်နေသော ဖခင်ဟု ထင်မှတ်ကာ ရိုသေစွာကန်တော့လိုက်သည်။

" သားငုဝါ...အချိန်မနှောင်းတော့ဘူး အမေတို့သွားရအောင် ကားမမှီဘဲနေမယ် "

My Last Star { Complete }Where stories live. Discover now