🌸ပန်းနုရောင် ဘာသာစကား🌸
~~~~~~~~~~~~~~~~~~~~~~
Part _ 39အနက်ရောင် အနောက်တိုင်းဝတ်စုံက နက်ခ်တိုင်ကြိုးကို အသာအယာ ဖြေလျှော့ရင်း ပြေပြစ်ဂုဏ်ရောင်တစ်ယောက် အိမ်ကဇနီးလေးရှိရာ Room No.909 သို့ တက်လာခဲ့လိုက်သည်...ပွဲက ညပွဲဖြစ်ကာ အဘိုးရဲ့ Wide Wings Company က ဝန်ထမ်းများနှင့် အမှုဆောင်ဒါရိုက်တာများ....ဘိုးဘိုး၏ မိတ်ဆွေများနှင့် တီကြီးတီငယ်တို့၏မိတ်ဆွေများ ဆွေမျိုးသားချင်းများ....သတို့သား၏ အပေါင်းအသင်း သူငယ်ချင်းများနှင့် သတို့သမီး၏သူငယ်ချင်းဖြစ်သူ တစ်ယောက်တိတိ တက်ရောက်သောပွဲက အလွန်တရာမှ စည်ကားသိုက်မြိုက်လှသည်....
သူငယ်ချင်းတွေက တစ်ဝိုင်းဆိုပြီး အတင်း ဖမ်းချုပ်ထားပေမယ့် သူကတော့ ဒီည မမူးချင်ပါ ...ဒါကြောင့် ငါးကောင်တို့ ကြိုက်လောက်မယ့် ဝိုင်းမျိုးအတွက် ရက်ရက်ရောရော ခဲဖိုးပေးခဲ့ပြီး ကိုယ်လွတ်ရုန်းလာခဲ့လိုက်သည်....ဒါတောင် ငထူးက အနောက်ကနေ ပြောနေလိုက်သေး ပြေကြီးတို့များ မစားဖူးတာ ကျနေတာပဲတဲ့....
ဒီကောင်ငထူးက ဘာမှသိတာမဟုတ် ...ငထူးမှ မဟုတ်ပါဘူးလေ ဘယ်သူမှ သူ့အဖြစ်ကို မသိကြပါ...အနားမှာ ငါးကြော်တုံးလေး ရှိပါလျက်ကယ်နဲ့ အနံ့လေးသာ ရှုနေရပြီး မစားရ အညှော်ခံဘဝရောက်နေတာ သူတို့မှ မသိကြဘဲ...ဒီကြောင်ကြီးက ငတ်လှပြီလေ...ဒီညမှာ တော့ သူ့ရဲ့ကိုးကလေး အဘွားဖြစ်သူကို ခေါ်အိပ်လို့မရအောင် ဟိုတယ်မှာပဲ အခန်းယူထားပစ်လိုက်တာဖြစ်သည်...
သူအခန်းထဲကို ရောက်သွားတော့ ကိုးက Wedding Gown အဖြူရောင်လေးကိုတောင် လဲပြီးနေပြီဖြစ်ပြီး တီကြီးနဲ့တီငယ်ကြားမှာ ထိုင်နေလေသည်...
"သြော် တက်လာတာ မြန်သားပဲ တီကြီးတို့က သား ကြာနေမယ်ထင်ပြီး ကလေးကိုတောင် အဆာပြေ ညစာတစ်ခုခု မှာကျွေးတော့မလို့ "
"ကိုး ဗိုက်ဆာပြီလား "
ပြေပြစ်ဂုဏ်ရောင်က အပေါ်က ကုတ်အင်္ကျီအနက်ကို ချွတ်လိုက်ရင်း ကိုး မျက်နှာလေးကိုကြည့်ကာ မေးလိုက်သည်...
"ဟုတ်ရှင့် "
"ဆာရောပေါ့ သားရယ် အချိန်ကိုလည်း ကြည့်ဦးလေ"

YOU ARE READING
🌸ပန်းနုရောင်ဘာသာစကား🌸
Romanceနှောင်ကြိုးပဲရှိရှိ မိုးသက်မုန်တိုင်းပဲရှိရှိ ငှက်တစ်ကောင်သာဖြစ်ခွင့်ပေးပါ.... မင်းဆီ ကိုယ် အရောက်လာခဲ့မှာပါ....... Start Date _ March 21 ,2025 End Date _Jun 10 ,2025