Uni
" ဘယ်လို... သဘက်ခါမူဆယ်ကိုအရောက်ပြောင်းရမယ်။ ရှင်ပြောတော့ နောက်လမှဆို"
" ဟုတ်တယ်အသက်...ရုံးပိတ်ရက်ကြီးထူးထူးဆန်းဆန်းဖုန်းဆက်လာတာ "
ငုဝါမောင်မောင်ကတော့ မေမေနှင့်ဖေဖေကိုသာကြည့်နေမိသည်။ ငုဝါမောင်မောင်တို့ အကိုဖြိုးဇော်တို့အိမ်တွင် ထမင်းစားနေချိန် ဖေဖေကအရေးပေါ်ဖုန်းဆက်လာသည့်အတွက် ချက်ချင်းပြန်လာကြခြင်းဖြစ်သည်။အိမ်ကိုရောက်တော့ဖေဖေဖပြောလိုက်သည့်စကားကြောင့် ငုဝါမောင်မောင်တို့ ပြာယာခတ်သွားရသည်။
မန္တလေးနှင့် မူဆယ်ကအနည်းငယ်ဝေးသည်မို့ မနက်ဖြန်သွားမှအချိန်မှီမှာဖြစ်သည်။ ထို့ကြောင့် ငုဝါမောင်မောင်တို့အချိန်မဆွဲဘဲ သိမ်းစရာရှိတာသိမ်း ပြင်ဆင်စရာရှိတာပြင်ဆင်ရသည်။ အိမ်ငှားခအတွက်လည်း ပိုက်ဆံကဆုံးသွားလေ၏။
ငုဝါမောင်မောင်တို့ပြင်ဆင်စရာရှိတာပြင်ဆင်ပြီးသည်နှင့် အိမ်ကို အကိုဖြိုးဇော်နှင့်အတူ သူငယ်ချင်းများကနှုတ်ဆက်ရန်ရောက်လာကြသည်။အချိန်အနည်းငယ်မျှသာတွေ့ဆုံခဲ့ကြရပေမဲ့ များစွာသောသံယောဇဥ်ကြိုးကချည်နှောင်ပြီးသားဖြစ်သွားလေပြီ။
" ငုဝါ ဟိုကိုရောက်ရင် ငါတို့ကိုမမေ့သွားနဲ့နော် "
သက်ခန့်က မျက်ရည်လေးဝဲဝဲနှင့် မိမိလက်လေးအားကိုင်ကာဆိုလာသည်။ ငုဝါမောင်မောင်လည်း သက်ခန့်၏အပြုအမူကြောင့် ငိုချင်ရက်လက်တို့ ဖြစ်ကာ မျက်ရည်များဝဲလာမိသည်။အကိုဖြိုးဇော်နှင့် အကိုကာရံကတော့ မိမိတို့နှစ်ယောက်အား စိတ်မကောင်းစွာကြည့်နေသည်။
" မေ့စရာလားသူငယ်ချင်းရယ် ငါတို့တစ်နေ့ကြရင်ပြန်ဆုံကြမယ်နော် ပြီးတော့ငါတို့လိုင်းပေါ်မှာလဲ အမြဲတွေ့နေရမှာဘဲလေ အဆက်အသွယ်မပြတ်သွားပါဘူးဟာ "
" ငုဝါ...ကိုယ်မင်းကိုပြောစရာလေးရှိလို့ ကိုယ်နဲ့ခနလိုက်ခဲ့လို့ရမလား "
အကိုဖြိုးဇော်ကပြောလာသည်ကြောင့် ငုဝါမောင်မောင် အကိုကာရံနှင့်သက်ခန့်အား
ကြည့်လိုက်မိသည်။ ထိုအခါ သူတို့နှစ်ယောက်ကလည်း သူတို့အဆင်ပြေပါတယ် ဆိုသည့်သဘောဖြင့် ခေါင်းညိမ့်းပြကြသည့်အတွက် ငုဝါမောင်မောင် နှင့် အကိုဖြိုးဇော်လည်းခြံထဲရှိ ဒန်းလေးသို့ဦးတည်လိုက်ကြသည်။
