Uni
( ဖတ်ဖြစ်အောင်ဖတ်ပါ )
Edit- ဖြိုးဇော်ကsec leaderပါဗျ။နောက်ပိုင်း
နက်ရှိုင်း ငုဝါ နဲ့ ဖြိုးဇော်တို့ကသုံးပွင့်
ဆိုင်ပုံစံမျိုးလေးလာမှာပါဗျ။ဒါမဲ့စိတ်မ
ပူပါနဲ့ငုဝါလေးကအောင်နက်ကြီးနဲ့ဘဲ
ညားမှာဟဲဟဲ။အကိုလိုအားကိုးပြီးချစ်
တဲ့အချစ်နဲ့ မိမိရဲ့အချစ်ဦးနဲ့ပြန်ဆုံတဲ့
အခါအသစ်တဖန်ပြန်လည်ရှင်သန်
လာတဲ့အချစ်တို့ကမတူပါဘူးနော်။
ညိုကဇာတ်ကိုဖြေးဖြေးချင်း
ဆွဲယူသွားမှာဖြစ်လို့အဆုံးအထိလိုက်ပါ
စီးမျောပေးကြဖို့တောင်းဆိုပါတယ်ဗျာ့။------------------------------------------------------
ငုဝါမောင်မောင် လူကြီးတွေမကောင်းကြောင်းတစ်ယောက်ထဲအတင်းတုပ်ကာ လှေကားပေါ်သို့တက်လာလိုက်သည်။
ထို့နောက် အန်တီညွှန်သည့်အတိုင်း လှေကားရှေ့တည့်တည့်မှအခန်းဆီသို့ဦးတည်လိုက်သည်။ ထို့နောက်တံခါးလေးအားခေါက်လိုက်သည်။ဒေါက်!!!ဒေါက်!!!ဒေါက်!!!
ငုဝါမောင်မောင် ပထမအကြိမ်တံခါးခေါက်လိုက်ပေမဲ့ အထဲမှအကိုဖြိုးဇော်ကထွက်မလာခဲ့ပေ။ ထို့ကြောင့်ငုဝါမောင်မောင် အားယူကာ နောက်တစ်ကြိမ်ထပ်ခေါက်လိုက်သည်။
ဒေါက်!!! ဒေါက်!!! ဒေါက်!!!
ငုဝါမောင်မောင်၏ဒုတိယအကြိမ်တံခါးခေါက်သည့်အစီအစဥ်လေးပြီးဆုံးသွားသည့်အခါ ကျွန်းတံခါးကြီးဟာပွင့်လာတော့သည်။
သို့သော် ငုဝါမောင်မောင်တံခါး၏နောက်မှမြင်လိုက်ရသည့်မြင်ကွင်းကြောင့် မျက်လုံးအားပိတ်ကာ ကျယ်လောင်စွာအော်လိုက်မိသည်။" ဘာလဲမေမေရာ "
" အားးးးးးးးးး "
" အားးးးးးးး "
မိမိအော်သံကြောင့် အကိုဖြိုးဇော်ကပါလိုက်အော်သည်။ ထို့နောက် တံခါးပိတ်သံကိုကြားလိုက်ရသည်။ ငုဝါမောင်မောင်ထိုအခါမှမျက်လုံးဖွင့်လိုက်နိုင်သည်။ သို့သော် အကိုဖြိုးဇော်၏ အင်္ကျီကင်းမဲ့နေသည့်ခန္ဓာကိုယ်
နှင့်အတူ ဝမ်းဗိုက်မှ အဖုအထစ်တို့က မျက်လုံးထဲတွင်အကွင်းလိုက်ထင်ပေါ်နေသည်။
