အပိုင်း ၇(ဇာတ်သိမ်း)

227 21 14
                                        

အဆိုးဝါးဆုံးအရာတွေက တဖြေးဖြေးများလာတယ်။

အစပိုင်းမှာ Satang က နေ့ရက်တွေကိုမေ့နေတယ်။အဲ့နောက် ထမင်းတွေကို နူးနေတဲ့ ပန်းအဖြူရောင်လို့ ခေါ်ခဲ့ပြီးတော့ Winny ကလဲ အဲ့တာကိုထိုင်ရယ်နေကာ ဒီတိုင်း သူ့ကို စနောက်ခြင်းလို့ထင်ခဲ့တာပေ။

ဒါပေမဲ့ နောက်ပိုင်း Satang က မီးဖိုက ပူတယ်ဆိုတာ မေ့နေတယ်။ပြီးတော့ သူ ဖိနပ်ကိုဘယ်မှာထားထားခဲ့လဲဆိုတာတွေ အိပ်ခန်းဘေးက ရေချိုးခန်းကဘယ်မှာရှိလဲ ဆိုတာကအစ သူမေ့နေတယ်။

တဖြေးဖြေးချင်း အခြေအနေက ပိုပိုဆိုးလာသည်။လူတွေ၊နာမည်တွေ၊မျက်နှာတွေ၊စကားတွေကို မေ့စပြုလာခဲ့ပြီ။

ဒါပေါ့ Winny သတိထားမိတာပေါ့။

Satang က ကောင်းကင်ကို စူးစိုက်ကြည့်နေတာကို သတိထားမိတယ်။တိမ်ထူတဲ့နေ့မှာ ကြယ်တွေရောက်လာပြီလားလို့ မေးတာကိုလဲ သတိထားမိတယ်။သူသိပ်ချစ်ရတဲ့ ကြယ်နက္ခတ်တွေရဲ့ အမည်တွေကို မေ့နေတာကိုလဲ သတိထားမိတယ်။

"Satang ကလေး ကြယ်တွေကို မြင်နေရသေးလား"

"ဟင့်အင်း ဒါပေမဲ့ ကျတော် ခံစားမိပါသေးတယ်"

နူးညံ့တဲ့ အပြုံးနဲ့ဆိုလေတော့ ငါ မျက်ရည်တွေ ဝဲလာသည်။
____________________________
ငါ ဒေါက်တာ့ကိုဖုန်းဆက်ခဲ့ပြီး အဲ့လိုမေ့တာက အခြေအနေမကောင်းဘူးဆိုတာကြောင့် ငါတို့ ဆေးရုံရောက်လာခဲ့သည်။

အယ်လ်ဇိုင်းမား လို့ ဒေါက်တာက မှတ်ချက်ပေးခဲ့တယ်။သူ့ရဲ့ အမြင်လွှာကတော့ လုံးဝကြီးကို မှောင်သွားခဲ့ပြီ။

ငါ တကယ်ဘာကိုမှထပ်ပြီးမသိချင်တော့ပါဘူး။အဲ့အရာတွေက ငါ ချစ်ရတဲ့ လူကို တဖြေးဖြေးငါ့ဆီက ခိုးယူနေသလိုဘဲ။

Satang ရဲ့ ကမ္ဘာကြီးက အပြင်မှာကော အတွင်းမှာပါ မှောင်မိုက်နေခဲ့ပြီ။

အိမ်အပြန်လမ်းက မှောင်မိုက်နေပေမဲ့ Satang ရဲ့ ကမ္ဘာလောက်တော့ မှောင်နေမယ်လို့ ငါ မထင်ပါဘူး။

Winny Satang နားကိုကပ်ကာ လက်ကို ဖြေးဖြေးချင်း ဆုပ်ကိုင်လိုက်သည်။

"ကလေး သိနေရက်သားနဲ့ ဘာလို့ ကိုယ့်ကိုမပြောခဲ့တာလဲ"

"Phi ထွက်-ထွက်သွားမှာစိုးလို့"

Astrophile [COMPLETE]Where stories live. Discover now