Part _ 38

41.6K 1.4K 75
                                        

🌸ပန်းနုရောင် ဘာသာစကား🌸
~~~~~~~~~~~~~~~~~~~~~~
Part _ 38

"နုလေး"

နုလေးသွယ်သည် ကျောအနောက်က လေသံမာမာကြောင့် ဇက်ကလေး ပုသွားကာ....

"ရှင်....ကိုကို"

"လာပြန်ပြီလား ဒီ လီမင်ဟို ချင်းတောင်မှာကတည်းက ဟိုတာ အခုထိ ဟိုလို့ မပြီးတော့ဘူးလား"

"..............."

"ကိုကို့  ဟီး"

"ဘာလဲ"

"နုကလေ နုက .... ဟို   ဟို"

"ဟို  ပြန်ပြီလား"

"ဟင့်အင်း မဟုတ်ဘူး ကိုကို ဟိုလေ နုပြောတာကလေ "

"ဟ .... ခွီးခွီး"

အလည်မ နုလေးသွယ်က သူ့ကို လာပြောင်နေတုန်းက အခွက်ကလေးက တစ်မျိုး အခု ကိုသီဟစိတ်တိုနေမှန်းတော့ လုပ်နေတဲ့ အခွက်ကတစ်မျိုးမို့ လူက ရယ်ချင်နေရတဲ့အထဲ ဟို တစ်လုံးနဲ့တိုင်ပတ်နေတာကို မြင်ရတော့ ပြေပြစ် တစ်ဖက်လှည့်ပြီး အသံမထွက်အောင် ရယ်နေမိသည်။

နုလေး အခု ပြောနေတဲ့ ဟို က ကိုသီဟ စိတ်တိုနေတာ သိလို့ စကားကို ဘယ်ကစပြောရမှန်းမသိဖြစ်နေလို့ တဟိုဟို ဖြစ်နေတာ အသိသာကြီးဟာကိုများ .....

"ခွီး "

"ဒ  ဒါ  ဒါး  ဒိ  ဒီ  ဒိ"

"ဟားဟားဟား"

"ပြေ ပြစ် ဂုဏ် ရောင် "

ကိုယ့်ဟာကိုယ့် တစ်ဖက်လှည့်ပြီး ကြိတ်ခွီနေတဲ့တာအကောင်း သူတို့ ရန်ကြိတ်ဖြစ်နေတာကို သိတဲ့ ငထူးတို့သုံးကောင်က ခပ်လှမ်းလှမ်းကနေ ပြောင်ပြနေကြတာမို့ ပြေပြစ် မအောင့်နိုင်ဘဲ ခွက်ထိုးခွက်လှန် ရယ်မိတော့ ကိုသီဟရဲ့ အသံကျယ်ကြီးက ဟိန်းထွက်လာတော့သည်။

"ဘာလဲ ဘာရယ်တာလဲ မင်းက "

"ဗျာ"

ကိုသီဟက တခြားနေရာတွေ အားလုံး ကောင်းပြီး စိတ်ရှည်သူ ဖြစ်ပေမယ့် နုလေးသွယ်ကို သွားထိရင် အထူးသဖြင့် ဟားတယ်လို့ ထင်ရင် ပွဲကြမ်းတတ်တာ ပြေပြစ် အသိဆုံးမို့ ညစ်သွားရသည်။

ရန်ကုန်အိမ်မှာဆိုရင်တော့ ဘယ်ဖြုံလိမ့်မတုံး အခုက မိန်းမရွာလေ။ကိုယ့်မိန်းမ မျက်နှာပန်းလှအောင် နေနေရပါတယ်ဆိုကာမှ အမျိုးချင်းတွေ ရန်ထဖြစ်နေလို့လည်း မကောင်း ....

🌸ပန်းနုရောင်ဘာသာစကား🌸Where stories live. Discover now