Episode 12

1.8K 186 15
                                        

#Unicode

ကြင်ယာတော်ရွေးမည့်ကိစ္စကို Taehyung လုပ်ဆောင်ဖို့လိုအပ်လာသည်မို့ ထိုအရေးကိုပဲ Taehyung အာရုံစိုက်ထားလိုက်တော့သည်။ Jeon Jungkook က Taehyungရဲ့တရားဝင်ယောက်ျားဖြစ်လာလိမ့်မည်ဆိုတာတော့ အားလုံးကကြိုတင်သိထားပြီးသားပင် ။

"အရှင်သခင် သေချာဆုံးဖြတ်ထားပြီးပါပြီလား။ ဒီကိစ္စကနည်းနည်းလေး လွဲချော်လိုက်တာနဲ့ အရှင်သခင်ဒုက္ခရောက်ပါလိမ့်မယ်"

ဟွန်းဟူက Taehyung ကိုစိုးရိမ်လို့သတိပေးတယ်ဆိုတာကို Taehyung သိသည် ။ Taehyung အတွက်တော့ Jeon Jungkook ကလွဲရင်ဘာကိုမှမမြင်နိုင်တော့ပါပေ။ ယွီဟွာက စည်းမျဉ်း စည်းကမ်းတွေကို Taehyung မသိသလို ၊ ဘယ်လိုကိစ္စတွေလွဲချော်ရင် ဘယ်လိုဒုက္ခရောက်ရမည်ဆိုတာကိုလည်း Taehyung မသိ ၊ Taehyung သိတာက Jeon Jungkook ဆိုတဲ့ ယောက်ျားတစ်ယောက်တည်း ။

"အရှင်သခင် ပြုံးမနေပါနဲ့... ကျွန်ုပ်က စိုးရိမ်လို့သတိပေးတာပါ"

ဟွန်းဟူပြောတော့မှ Taehyung ပြုံးနေမိတာကိုသိတော့သည် ။ Jeon Jungkook အကြောင်းတွေးမိရုံနဲ့ Taehyung ပြုံးလာလိမ့်မည်ဟု ဘယ်လိုထင်မိပါ့မလဲ ။Taehyung အမှန်တကယ်ပဲဆေးမမီတော့ဘူးထင်၏။

"ငါသိပါတယ်... ပြီးတော့ ကျေးဇူးလည်းတင်တယ် ။ ဒါပေမဲ့ မင်းစိတ်ချထားလို့ရတယ်နော်... Jungkookက ငါ့ကိုဒုက္ခရောက်စေမယ့်သူမဟုတ်ပါဘူး"

"အရှင်သခင် ယုံကြည်ရတယ်ဆိုရင်လည်း ပြီးတာပါပဲ..."

ဟွန်းဟူထပ်ပြီးမပြောတော့ပါပေ ။ ဟွန်းဟူရော Yoongi ရောက Jungkook ကိုအန္တရာယ်များသည်ဟု ဘာကြောင့်များထင်နေကြတာလဲ ။နုနုနယ်နယ်၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ယုန်ဖြူလေးလိုချစ်စရာကောင်းတဲ့ ကောင်ကလေးက ဘာလို့ အန္တရာယ်ဖြစ်ရမှာလဲ ။ သူတို့တွေ အတွေးလွန်နေတာပဲဖြစ်နိုင်သည် ။

"ဒါနဲ့.. ငါ Jinဆီသွားချင်တယ် ။ ခဏလောက်နေရင်လာမယ်လို့ အသိပေးထားပါအုံး"

"ကောင်းပါပြီ"

Jin နဲ့မတွေ့ဖြစ်တာကြာပြီမို့ တွေ့ဖို့အတွက် Taehyung ဆုံးဖြတ်လိုက်သည် ။ ဒီတလော Jin ဘာတွေလုပ်ပြီး ဘယ်လိုတွေဖြတ်သန်းနေရလည်းဆိုတာကို Taehyung သိချင်သည်။အဓိက ကတော့ Jin အန္တရာယ်ကင်းရဲ့လားဆိုတာကိုပင် ။ ဒီက အဖြစ်အပျက်တွေက Taehyung တို့ရဲ့လက်ရှိဘဝအပေါ် အကျိုးသက်ရောက်နိုင်သည်မို့ Jinကိုလည်း အန္တရာယ်မဖြစ်စေရန် Taehyung ဂရုစိုက်ဖို့လိုအပ်သည် ။

My Dangerous HusbandWhere stories live. Discover now