Chapter -6

8.6K 311 47
                                        

Uni

" ဘယ်ကိုသွားနေတာလဲ "

နက်ရှိုင်းအောင်က ကားကိုသာဂရုတစိုက်မောင်းနေသည်။ ဘယ်ကိုမောင်းနေသလဲ ငုဝါမောင်မောင်မသိပါ။ သို့​သော်ငုဝါမောင်မောင်ကိုအိမ်ပြန်လိုက်ပို့သည့်လမ်းမဟုတ်တာတော့အမှန်ပင်။

ငှဝါမောင်မောင် မိမိအားစကားပြန်မပြောသူအား နောက်တစ်ကြိမ်ထပ်မေးရန် ပါးစပ်လေးဟလိုက်ချိန်...

" shoppingmall ကို "

" ဘာလုပ်မလို့လဲ "

" လူမြင်ကွင်းမှာ တက်လုပ်မလို့ "

ငုဝါမောင်မောင် ထိုလူ၏စကားကြောင့် သွေးနားထင်တက်သွားသလိုပင် မျက်နှာအလုံးစုံမှာ ချက်ချင်းနီရဲလာတော့သည်။

" အဲ့ကိစ္စနဲ့ပတ်သက်ပြီးဘဲပြောတတ်တာလားဗျ "

" ကျစ်!!! shoppingmall ကိုသွားပါတယ်ဆိုမှ ဈေးဝယ်မလို့ပေါ့ "

" ဈေးဝယ်မှာကိုတော့သိတယ်လေ..."

" သိရင်ဘာလို့မေးနေသေးလဲ...ညိမ်ညိမ်လေးထိုင်နေ ငါစိတ်မရှည်တတ်ဘူးနော် "

ထိုအခါ ငုဝါမောင်မောင်က စကားထပ်မပြောတော့ပေ။ မျက်နှာလေးကိုကားမှန်တွင်ကပ်ကာ အပြင်သို့သာကြည့်နေတော့လေသည်။
နက်ရှိုင်းအောင်တို့ကားအနက်ရောင်လေးသည် ကြီးမားသည့် shoppingmall တစ်ခု၏ကားပါကင်သို့ နေရာယူလိုက်သည်။
ထို့နောက် နှစ်ယောက်သား shoppingmall ထဲသို့ခြေလှမ်းများဦးတည်မိခဲ့ကြသည်။

နက်ရှိုင်းအောင် ဘာလို့ ဒီကိုသွားနေမိမှန်း သူကိုယ်တိုင်ပင်တကယ်မသိခဲ့ပေ။ သူသိသည်က ထိုကောင်လေးကို အိမ်ပြန်မပို့ချင်သည့်ဆန္ဒတစ်ခုတည်းကိုသာ။ မိမိအနားမှာဘဲနေစေချင်လိုသည်။

ငုဝါမောင်မောင် ထိုလူ့အားဘာမှမပြောဘဲ တိတ်တိတ်လေးသာ အနောက်မှကပ်ကာလိုက်လာမိသည်။ အထဲသို့ဝင်ရောက်လိုက်သည့်နှင့် များပြားစွာသောလူအချို့မှာ ကိုယ့်အလုပ်နှင့်ကိုယ်အလုပ်ရှုပ်နေကြသည်။
ဈေးဝယ်သူကဝယ်၊ ရောင်းသူကရောင်းနှင့် အတော်ပင်စည်းကားနေသည်။ ငုဝါမောင်မောင်ဒီမြို့ကိုစပြောင်းလာသည်မှာ မကြာသေးသည်မို့ နေရာစုံမရောက်ဖူးသေးပေ။
ဒီ shoppingmall မှာလည်း ငုဝါမောင်မောင် မသွားဖူးသေးသည့်နေရာတစ်ခုပင်ဖြစ်၏။

My Last Star { Complete }Where stories live. Discover now