Uni
ငုဝါမောင်မောင် ကျောင်းကပေးလိုက်သည့်အိမ်စာများနှင့်ကျက်စာများအားလုံးအပြီးသတ်ပြီးသည်နှင့် အကြောများအား
ဆန့်ကာ နာရီကိုကြည့်လိုက်မိသည်။ ထိုအခါ နာရီလက်တံတို့က ၁၁ နာရီ ၂၄ မိနစ်သို့ညွှန်ပြနေသည်။ ငုဝါမောင်မောင် အချိန်လည်းမစောတော့သည်မို့အိပ်ရန် ခြေလက်ဆေးကာ အိပ်ယာပေါ်ထက်တက်လိုက်စဥ်...." ဒုတ် "
မိမိအခန်းပြတင်းပေါက်မှ ကျော်လွန်ကာကျရောက်လာသည့် ကျောက်ခဲသေးသေးလေးကြောင့် ငုဝါမောင်မောင်လန့်သွားရသည်။သို့သော် ဘယ်သူပစ်ပေါက်သလဲသိချင်သည့်ဆန္ဒကြောင့် ထိုပြတင်းပေါက်ကလေးအနားသို့သတိရှိစွာ တိုးကပ်လိုက်သည်။ ထို့နောက်အပြင်ကိုကြည့်လိုက်တော့ ဘယ်သူမျှရှိမနေပါ ။
ငုဝါမောင်မောင် ပြန်လှည့်ရန်ဟန်ပြင်လိုက်ချိန် မျက်လုံးထောင့်စွန်းတွင်မြင်လိုက်ရသည့်ပုံရိပ်တစ်ခုကြောင့် အောက်ထပ်သို့အမြန်ဆင်းသွားကာ ခြံတံခါးရှေ့သို့ အပြေးသွားမိသည်။ မိမိခြံတစ်ခါးအရှေ့ရောက်တော့ လူအရပ်လောက်ရှိသည့် ဝက်ဝံရုပ်အညိုရောင်ကြီးက မားမားမတ်မတ်ကြီးထိုင်နေသည်။ ထို့နောက် အရုပ်ကြီး၏အရှေ့တွင် နှင်းဆီပန်းနီနီတစ်ပွင့်နှင့်အတူ စာလေးတစ်စောင်ကပါခေါက်ရဲ့သားလေးရှိနေ၏။
ငုဝါမောင်မောင် ဘေးပတ်ဝန်းကျင်ကိုဝှေ့ဝဲကြည့်လိုက်မိတော့ ခွေးတစ်ကောင်ကြောင်
တစ်မြှီးပင်ရှိမနေခဲ့ပေ။ ငုဝါမောင်မောင်ထိုစာလေးအား ကြည့်လိုက်တော့စာထဲတွင်ရေးထားသည်က" For Nguwar Maung Maung " ဆိုသည့်စာလေးတစ်ကြောင်းသာ။မည်သူကမည်သို့သောရည်ရွယ်ချက်နှင့်ပေးသည်မသိပေမဲ့ ငုဝါမောင်မောင်အလွန်ပင်ပျော်နေမိသည်။ ထို့နောက်မှိုရသည့်မျက်နှာဖြင့် အရုပ်ကြီးကိုပိုက်ကာ မိမိအခန်းသို့ပြန်လာလိုက်သည်။
နှင်းဆီပန်းနီနီတစ်ပွင့်ကိုလည်း စာရေးစားပွဲပေါ်တွင်တင်ထားသည့်ပန်းအိုးလေးထဲတွင်ထိုးစိုက်လိုက်ပြီး စာစောင်လေးကိုတော့ အံဆွဲလေးထဲတွင်ထည့်ကာသိမ်းထားမိသည်။
