Episode 11

1.8K 193 12
                                        

#Unicode

မင်းသား Yeon Woo လာတွေ့တာကြောင့် ဂျယ်ဟန် တအံ့တသြဖြစ်နေရသည် ။ မင်းသားက အမြဲတမ်း တစ်သီးတစ်သန့်နေခဲ့ပြီး ဂျယ်ဟန်တို့ကို ဆေးဖော်ကြောဖက်လုပ်သည်မဟုတ်။အခုလို တကူးတကလာတွေ့သည်မို့ တစ်ခုခုရှိတာသေချာသည် ။

"ကိစ္စရှိလို့လားမင်းသား..."

"ဆိုပါတော့...Jeon Jungkook နဲ့ အရှင်သခင့်ရဲ့အခြေအနေကို မင်းလည်းသိတယ်မဟုတ်လား"

မသိချင်မှအဆုံးပင် ။ Jeon Jungkook က အရှင်သခင်အရေးပေးထားတဲ့ ကိုယ်လုပ်တော်တင်မက ၊ အရှင်သခင် ချစ်မြတ်နိုးတဲ့ ယောက်ျားတစ်ယောက်ပါဖြစ်နေလေပြီ ။ ဒီ့ထက်ခြေတစ်လှမ်းတိုးလိုက်လျှင် အရှင်သခင့်ရဲ့ တရားဝင်ကြင်ယာတော်ဖြစ်လာလိမ့်မည်မှာ မလွဲမသွေပင် ။

"မင်းသား ဘာကိုအဓိကပြောချင်တာလဲ"

"Jeon Jungkookက တရားဝင်ကြင်ယာတော်ဖြစ်ချင်တာမဟုတ်ဘူး ။ သူက လွတ်လပ်ခွင့်ပဲလိုချင်တာ..."

"ဟမ်..."

"သူက အကြံဉာဏ်ရှိတယ်လေ... အရှင်သခင်နဲ့ကလေးတစ်ယောက်ရပြီး တခြားလိုအပ်တာတွေရရင် ဒီကနေသူထွက်သွားမှာပဲ..."

ဂျယ်ဟန် နားမလည်။မင်းသားက ဘာကိစ္စကြောင့်နဲ့ဒီအကြောင်းအရာတွေကိုထုတ်ပြောနေရတာလဲ ။ မင်းသားရဲ့ရည်ရွယ်ချက်ကဘာဖြစ််နိုင်မလဲ ။

"ငါ ဘာကြောင့်ဒါတွေကိုပြောနေရတယ်လို့ထင်လဲ... မင်းကူညီနိုင်လို့သာပြောပြတာ..."

"ကျွန်တော်ကဘာကိုကူညီရမှာလဲမင်းသား..."

"အရှင်သခင်သာ ကလေးမွေးဖွားတဲ့သူဖြစ်မယ်ဆိုရင် ဒီတိုင်းပြည်ကိုအုပ်ချုပ်ဖို့ခက်ခဲလာတော့မှာ... အဲ့ဒီကြားထဲ တရားဝင်ကြင်ယာတော်ကပါ နန်းတွင်းကနေ ရုန်းထွက်မယ်ဆိုရင် သေချာပေါက်ကျရှုံးပြီး နန်းကျပြီပဲ....အဲ့ဒီအချိန်မှာမင်းရဲ့အဖေကသာ မင်းကိုထောက်ခံပေးလိုက်ရင် မင်းကအရှင်သခင်ဖြစ်လာနိုင်တယ်..."

ဂျယ်ဟန်အံ့သြလို့ပင်မဆုံးနိုင်တော့ပေ။ အမြဲတမ်း တိတ်ဆိတ်ပြီးအေးချမ်းတယ်လို့ထင်ရတဲ့မင်းသားမှာ ဘယ်လိုအကြံအစည်တွေနဲ့ ပြည့်နှက်နေခဲ့တာလဲ ။အရှင်သခင့်ကို နန်းချပစ်ဖို့အထိပါ တွေးတောခဲ့တာလား။

My Dangerous HusbandWhere stories live. Discover now