Part _35

38K 1.5K 92
                                        

🌸ပန်းနုရောင် ဘာသာစကား🌸
~~~~~~~~~~~~~~~~~~~~~~
Part _ 35

"နမ်းချင်လို့ ဗျူဟာသုံးပြီး ထိုင်စောင့်နေတာ  အလစ်တိုက်နမ်းတာနဲ့ ဗျူဟာသုံးနမ်းတာ ဘာကွာလဲ ပြမလို့ "

"ကိုကြီး ....!! "

"တိတ်တိတ်နေကွာ "

ကိုယ်လုံးသေးသေးလေးကိုရင်ခွင်ထဲတင်းကြပ်စွာချုပ်ဖမ်းထားလိုက်လေသည်...
​သူ့ထက်အရပ်အများကြီးနိမ့်ပါသော ရွယ်ကိုးနဲ့မို့ ရင်ခွင်မှီလေးဖြစ်နေကာပြေပြစ်ရဲ့ နှုတ်ခမ်းသားတွေဟာ   သူမလေးရဲ့ နားရွက်ဖျားလေးကို ထိကပ်သွားလေသည်...

ခင်ခင်ရဲ့ နားဖျားနှင့်လည်ပင်းထက်မှာရှိတဲ့ ကိုကြီးရဲ့မျက်နှာဆီကနေအသက်ရှုသံပြင်းပြင်းကိုလည်းကြားနေရလေသည်...

"နမ်းတယ်ဆိုတာဘာလဲ ပြမယ် "

ကိုကြီးရဲ့ခေါင်းဟာ ငုံ့ကိုင်းလာပြီး ခင်ခင်ရဲ့ နဖူး ၊ပါးပြင်နှစ်ဖက် မျက်ခွံနှင့် နှုတ်ခမ်းပါးများကနေ နားရွက်ဖျားလေးဆီကိုပါ နူးနူးညံ့ညံ့နမ်းနေတာကြောင့် ခင်ခင်ပါးစပ်ကနေ ညည်းသံပိစိလေးတောင်ထွက်သွားသကဲ့သို့ဖြစ်သွားတာကြောင့် ရုန်းကန်ကာ ကိုကြီးရဲ့ရင်ခွင်ထဲကနေ တွန်းထွက်သည်...

သို့ပေမယ့် အင်အားချင်းမမျှတာကြောင့် တွန်းဖယ်နေလည်းအချည်းအနှီးချည်းသာဖြစ်နေတော့သည်...

"ကိုး "

"ကိုး ဒီကိုကြည့် ကိုယ့်မျက်နှာကိုကြည့် "

"မကြည့်ချင်ဘူး "

မေးဖျားလေးကနေ ပင့်မော့လိုက်ပြီးနောက် ကျန်လက်တစ်ဖက်ကတော့ သူမလေးရဲ့ခါးကို ကျစ်နေအောင်ဖက်ထားရင်းသူ့နှုတ်ခမ်းတို့ဖြင့်ဖိကပ်လိုက်လေတော့သည်....
ကောင်းကင်ရောင်အတော်အသင့်ရှိနေသောကြောင့် မျက်ဝန်းလေးများ မှေးယှက်ပိတ်ထားပြီး သူ့အနမ်းများကို ခံယူနေသော သူ့ရဲ့အိမ်ကချစ်ဇနီးလေးဟာ အလွန်ပင်ချစ်ဖို့ကောင်းနေခဲ့ပါသည်....

"ဟင်"

"ဘာလဲ နုလေး"

"ကိုကို့ ဟို ဟိုမှာ ဘာကြီးလဲ လူက အကြီးကြီးလား"

"အဲဗျ"

နုလေး ချော်ပြုလဲမှာစိုးလို့ အောက်ကို ဂရုစိုက်နေတော့ သီဟ ရှေ့ကိုမကြည့်မိ နုလေးပြလို့ မြင်မှတော့ ပြန်လှည့်ဖို့လည်း မမီတော့။

🌸ပန်းနုရောင်ဘာသာစကား🌸Where stories live. Discover now