Chapter - 5

9K 411 86
                                        

Uni

Physic ဆရာမ ကျောင်းမလာသည့်အတွက် ထမင်းစားမဆင်းခင် နှစ်ချိန်ဆက်တိုက်ကို မြန်မာဆရာမကဆက်တိုက်ဝင်သည်။
အခန်းထဲမှာလူတော်တော်များများမှာ လိမ်ပိန်နေကြသည်။ ငုဝါမောင်မောင် ဆိုလျှင် စာအုပ်လေးအရှေ့တွင်ထောင်ကာ အိပ်ငိုက်နေသည်။ မော်နီတာဖြစ်သည့် ဖြိုးဇော်ထက်တောင်မှ ဘယ်နှကြိမ်သန်းနေမိမှန်းပင် ရေတွက်မရတော့ပေ။

ဖြိုးဇော်ထက် နာရီကို အားကိုးတကြီးကြည့်လိုက်တော့ နေ့လည်ကျောင်းဆင်းရန် ၁၅ မိနစ်မျှသာလိုတော့သည်။ ထို့ကြောင့် မိမိ၏ဘေးမှအလှလေးအား ဝမ်းသာအားရနှိုးရန် လှည့်ကြည့်လိုက်သည်။ သို့သော် နှိုး ရန်ဟန်ပြင်နေသော မိမိ၏လက်တို့ကရပ်တန့်သွားတော့သည်။အကြောင်းမှာ ထိုအလှလေး၏ အလှနွံတွင်နစ်မျောသွားခြင်းကြောင့်သာ။

အလှအားလေးအားမနှိုးသေးဘဲ ထိုမျက်နှာ နုနုအား ငေးကြည့်နေမိသည်။ ဇင်ယော်တောင်မျက်ခုံးလှလှလေးနှင့် မျက်တောင်ရှည်ရှည်ကော့ကော့တို့အောက်မှ မျက်လုံးတို့က မှိတ်ထားသည်တောင် လှလို့နေသည်။
နှာတန်သွယ်သွယ်လေး၏ ထိပ်မှာ နှာခေါင်းလုံးလုံးလေးမှာ မြင်သူတိုင်းကိုအသည်းယားစေနိုင်သည့်အစွမ်းတို့အပြည့်ပင်။ ထိုနှာခေါင်းအောက်မှ နှုတ်ခမ်းမထူမပါးလေးမှာ ဆေးမကူဘဲ နီဆွေးနေ၏။ ထို့ပြင်အောက်နှုတ်ခမ်းလေးမှာ မြင်ရသည်နှင့် အဘယ်မျှနူးညံ့အိစက်မည်ဖြစ်ကြောင်း ခန့်မှန်းနိုင်သည်။ ဖြိုးဇော်ထက် ထိုကလေးအားကြည့်ကာ ရေပင်ဆာလာတော့သည်။ ထို့ကြောင့်မိမိရေဘူးအားထုတ်ကာ ရေကိုဝဝလင်လင်သောက်လိုက်ပြီး ထိုကလေးအားနှိုးရန်ပြင်လိုက်တော့၏။

ငုဝါမောင်မောင်မိမိ၏ပါးပြင်အားလက်ဖြင့်ထိတွေ့လာသည့် ခံစားချက်ကြောင့် အိပ်စက်ခြင်းမှ နှိုးလာခဲ့သည်။ မျက်လုံးကိုဖွင့်
ကြည့်လိုက်တော့ မိမိအားပြုံးပြနေသည့် အကိုဖြိုးဇော်ထက်အားတွေ့လိုက်ရသည်။

" ကျောင်းဆင်းတော့မယ် အိပ်ပုပ်လေးရဲ့ ထတော့ "

ထိုအခါမှ လက်ရှိအခြေအနေကိုသတိရသွားကာ ဆတ်ခနဲခေါင်းထောင်လိုက်မိသည်။ မအိပ်ချင်အောင်ထိန်းထားပေမဲ့ မြန်မာစာဆရာမ၏ အစွမ်းကြောင့် အိပ်မောကျသွားခြင်းဖြစ်သည်။ ငုဝါမောင်မောင် မျက်လုံးတို့အားလက်ချောင်းလေးဖြင့်ပွတ်လိုက်ကာ လန်းဆန်းသွားစေရန် ရေသောက်လိုက်၏။

My Last Star { Complete }Where stories live. Discover now