Chapter - 4

9.1K 372 53
                                        

Uni

ငုဝါမောင်မောင် ခုန်နေသောနှလုံးသားနှင့် တုန်နေသောခြေထောက်တို့ကို ထိန်းကာ ကျောင်းခြံဝန်းကြီးထဲသို့ တစ်လှမ်းချင်းလျှောက်လှမ်းလာမိသည်။ မိမိကျောင်းလာသည်မှာ အလွန်ပင်စောနေသည်မို့ ကျောင်းသားဟူ၍တစ်ယောက်ဆနှစ်ယောက်ဆလောက်မျှသာရှိနေသည်။

ငုဝါမောင်မောင်ခါတိုင်းဆိုလျှင်ကျောင်းတတက်ချိန်နီးမှကျောင်းလာတတ်လေ့ရှိသည်။
သို့သော် မနေ့ညက ဝံပုလွေကောင်ကြီး၏ အမှာစကားကြောင့် ကျောင်းသို့ခပ်စောစောထွက်လာခြင်းဖြစ်သည်။ တိမ်ကအနည်းငယ်ထူနေကာ ခပ်ပြင်းပြင်းတိုက်ခတ်လာသော လေညှင်းတို့က ငုဝါမောင်မောင်၏မျက်နှာကို ခပ်သာသာရိုက်ခတ်လာတော့သည်။

ငုဝါမောင်မောင်လွယ်အိတ်ကြိုးအပြာလေးကို ကိုင်ကာလမ်းဆက်လျှောက်နေမိသည်။ စိတ်အာရုံထဲတွင် တစ်စုံတစ်ခုကလေးလံလို့နေသည်။ထိုအချိန် ဝင်လာသည့်ဖုန်းသံ
ကြောင့် ကိုယ်လုံးသေးသေးလေးဟာ ဆတ်ခနဲတုန်ရင်သွားတော့သည်။ဘောင်းဘီအိတ်ကပ်ထဲတွင်ထည့်ထားသည့်ဖုန်းအားထုတ်ကြည့်လိုက်တော့ ပေါ်လာသည့် contact name လေးက...

' Savage Wolf '

ငုဝါမောင်မောင် ဖုန်းကိုင်ထားသည့်လက်တို့အား အားယူကာဖုန်းcallအားလက်ခံလိုက်သည်။ထိုအခါကြားလိုက်ရသည့်အသံ
ကြောင့် ဒူးပင်မခိုင်တော့ချေ။

" မင်း ကျောင်းရောက်ပြီမလား ခုချက်ချင်း ကျောင်းအနောက်ဘက်ကိုလာခဲ့ ငါမင်းကိုအပြစ်ပေးဖို့စောင့်နေတယ် "

ငုဝါမောင်မောင် ပြန်ပင်မပြောလိုက်ရခင်မှာပင် တစ်ဖက်က ဝံပုလွေကောင်က ဖုန်းချသွားတော့သည်။ ထို့နောက် မိမိကိုယ်မိမိအားတင်းကာ ကျောင်းအနောက်ဘက်ဆီသို့ ခြေလှမ်းသေးသေးလေးများနှင့်ဦးတည်လာခဲ့တော့သည်။

ကျောင်းအနောက်ဘက်သို့ရောက်တော့ မလှမ်းမကမ်းတွင်ရပ်နေသော ဝံပုလွေကောင်ကြီးအားတွေ့လိုက်ရသည်။ ငုဝါမောင်မောင်ပတ်ဝန်းကျင်ရှိအောက်ဆီဂျင်အား ပုံမှန်ထက်ပို၍ပင်တိုးကာ ရှူလိုက်မိသည်။
ထို့နောက်ပါးစပ်လေးက လေပူတို့အားအနည်းငယ်မှုတ်ထုတ်ကာ ခြေလှမ်းများကိုဆက်လက်လျှောက်လှမ်းလိုက်သည်။

My Last Star { Complete }Where stories live. Discover now