Part _34

36.7K 1.5K 105
                                        

🌸ပန်းနုရောင် ဘာသာစကား🌸
~~~~~~~~~~~~~~~~~~~~~~
Part _ 34

"အခု ရွယ်ကိုးရဲ့ အုပ်ထိန်းသူက ကျွန်တော် ဖြစ်သွားပြီမို့  ရွယ်ကိုး ဖြစ်ချင်လုပ်ချင်တာ မှန်သမျှကို ပံ့ပိုးဖို့က ကျွန်တော့်တာဝန် ဖြစ်သွားပါပြီ  အစစအရာရာ စိတ်ချပါ ဒီကလေးကို ကျွန်တော် ဆက်မွေးပါ့မယ်"

"ဟ...."

"............"

ပြေပြစ်ဂုဏ်ရောင် ပြောလာတဲ့စကားကြောင့် တင်မောင်မောင် ရုတ်တရက် ရယ်ချင်သွားရပေမယ့် တည်ကြည်လေးနက်လှတဲ့ မျက်နှာအမူအယာကိုကြည့်ပြီး မရယ်ရက်တော့။ထရပ်ပြီး  ပြေပြစ်ထိုင်နေတဲ့ခုံနားမှာသွားရပ်ကာ ပခုံးပေါ်ကို လက်တင်ထားလိုက်ပြီး....

"သား.."

သူ့ခေါ်သံကြားတော့ တအံ့တဩမော့ကြည့်လာတဲ့ကောင်လေးကို တင်မောင်မောင် ပြုံးပြလိုက်ပြီး....

"ခင်ခင်လေးကို ဦးမောင်က သမီးအရင်းလေးလိုချစ်တာဆိုတော့ မင်းက သားပေါ့ကွာ မဟုတ်ဘူးလား"

"ဗျာ ဟုတ်"

"အခုမင်းနဲ့ သေချာစကားပြောကြည့်တော့မှ မင်းက စိတ်ထဲမှာ လေးလေးနက်နက် တွေးခေါ်မျှော်မြင်တတ်တာလေးတွေ တွေ့ရလို့ ဦးမောင်က တော်တော်ကို အထင်ကြီးပြီး ကျေးဇူးတင်ပါတယ်ကွာ ခင်ခင်လေးကို မေမေနဲ့ဦးမောင်ထက် မင်းက ပိုနားလည်တာပဲ "

"စိတ်လည်းချပါပြီ  ဟိုတလောက ဦးမောင်က မင်းကို အထင်တွေလွဲပြီး  လူကြီးတွေရှေ့မှာ ပြောမိဆိုမိတာတွေကို လူစုံမှ ဦးမောင် ပြန်တောင်းပန်မယ်"

"မလိုပါဘူး ဦးမောင်ရာ"

"လိုတာပေါ့ကွာ လူကြီးဖြစ်ဖြစ် လူငယ်ဖြစ်ဖြစ် မှားတဲ့သူက တောင်းပန်ရမှာပေါ့ ခုနပြောတဲ့ ခင်ခင်လေးအတွက် အစစအရာရာ မင်းတာဝန်ဆိုတဲ့စကားကိုတော့  ဦးမောင် သဘောမတူဘူးကွ ဦးမောင် တတ်နိုင်သရွေ့တော့ ခင်ခင်လေးကို ပေးခွင့်ပြုဦး"

"ဟာဗျာ ကျွန်တော် တတ်နိုင်ပါတယ်ဆို ရွယ်ကိုးကို ကျွန်တော်...."

"ဆက်မွေးမှာ မင်း ဒါပဲ ပြောမလို့မဟုတ်လား မွေးရအောင် မင်းက အဖေကြီးလား"

🌸ပန်းနုရောင်ဘာသာစကား🌸Where stories live. Discover now