Unicode
ကျောင်းကြီး၏ အနောက်ဘက်လူသူကင်းရှင်းသည့်နေရာတွင် ထိုးသံနှက်သံများက ကျယ်လောင်စွာပေါ်ထွက်နေသည်။ ညနေစောင်းချိန်ဖြစ်သည့်အပြင် မိုးရွာတော့မည့်ဟန် တိမ်မဲများက ဖုံးအုပ်နေသည်။
" ခွပ်...ခွပ်...ခွပ် "
နက်ရှိုင်းအောင်သူ၏အရှေ့မှ ဝေကြီးဆိုသူ၏ဗိုက်အား သံကွင်းစွပ်ထားသောလက်သီးဖြင့် ၃ ချက်ဆင့်ထိုးလိုက်သည်။ နက်ရှိုင်းအောင်၏အားပြင်းလှသောထိုးချက်တို့ကြောင့် ဝေကြီးမှာ မြေပြင်ပေါ်တွင်လဲကျသွားရတော့သည်။
" မင်းတို့ဘယ်သူငါနဲ့ထိုးချင်သေးလဲဟျောင့်တွေ "
ကျန်ရှိနေသေးသည့် လူ ၂ ယောက်မှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ အင့်... အဲ... လုပ်နေကြတော့သည်။ ဝေကြီးအပါအဝင် ကျန် ၂ ယောက်က နက်ရှိုင်းအောင်၏ ခြေထောက်အောက်တွင် ရုပ်ပျက်ဆင်းပျက်လဲကျနေကြ၏။
" အဟက် စောက်ကြောက်တွေ..."
ထိုသို့ပြောကာ နက်ရှိုင်းအောင်ထိုနှစ်ကောင်ရှေ့သို့ လျှောက်သွားလိုက်သည်။ ထို့နောက် မိမိ၏သွေးပေနေသောလက်များအား ထိုနှစ်ယောက်၏ Tshirt ဖြူဖြူတွင် သုတ်လိုက်ပြီး ထိုနှစ်ယောက်၏ပါးအား ၃ ချက်လောက်ခပ်ပြင်းပြင်းပုတ်လိုက်ပြီး ပြောလိုက်သည်။
" မင်းတို့ ပြေးချင်ရင်ပြေးလို့ရပြီ..."
အသံက အေးစက်ခြောက်ခြားဖွယ်ကောင်းလှ၏။ ထိုအခါ ထိုလူနှစ်ယောက်တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ဖင်
နှင့်ခြေဖနှောင့်တို့ကပ်သည်အထိ တစ်ချိုးတည်းပြေးလေတော့၏။ ထိုမြင်ကွင်းကို နက်ရှိုင်းအောင်ကြည့်ကာ လှောင်ရယ် ရယ်လိုက်သည်။ထို့နောက် သန့်စင်ခန်းထဲသို့သွားကာ မိမိကိုယ်မိမိသန့်ရှင်းလိုက်သည်။ အိမ်သို့ပြန်ရန် ကျောင်းအပြင်သို့ထွက်လိုက်ချိန်
နဂိုငြိုးမာန်ကြီးစွာဖုံးလွှမ်းနေသည့်တိမ်မဲတို့က မိုးအဖြစ်သို့ပြောင်းလဲကာ တသည်းသည်းရွာလေတော့သည်။ထိုကြောင့် ကျောင်းကြီး၏အမိုးအောက်မှ ကျောင်းပြင်သို့လှမ်းနေသည့်ခြေထောက်တို့ကို ပြန်လည်ရုတ်သိမ်းလိုက်သည်။ထိုစဥ် နက်ရှိုင်းအောင် မိမိ၏အနောက်ဘက်မှ ခြေသံသေးသေးလေးကိုကြား၍ လှည့်ကြည့်လိုက်သည်။
