Unicode
ပထမဆုံးအချိန်သည် အတန်းပိုင်ဆရာမအချိန်ဖြစ်သည့်အတွက် အတန်းထဲတွင်အပ်ကျသံပင်မကြားရအောင်တိတ်ဆိတ်ငြိမ်
သက်နေကြသည်။ စာကြည့်သူများကကြည့်ကာ စာရေးသူများကရေးနေသည်။
ထိုအချိန်အတန်းပိုင်ဆရာမဆီမှာကြားလိုက်ရသည့်အသံကြောင့် ကျောင်းသားကျောင်းသူအားလုံးရုတ်ရုတ်သည်းသည်းဖြစ်သွားရတော့သည်။" ကဲ ဟိုတစ်နေ့က ကျက်ခိုင်းထားတဲ့ Bio တွေရကြပြီလား ဒီနေ့တစ်ယောက်ချင်းမေးမယ်ပြောထားတယ်နော် "
ဆရာမ၏အသံနောက်တွင် စာရွက်လှန်သံ
နှင့် နင်ရပြီလား ငါရပြီလား ဟူသည့်ခပ်တိုးတိုးမေးသံတို့က ကပ်ပါလာတော့သည်။
A အခန်း၏အတန်းပိုင်ဆရာမနာမည်က ဒေါ်သက်သက်ပင်ဖြစ်သည်။ထိုဆရာမက နှုတ်လည်းကြမ်းသလို လက်ကလည်းကြမ်း
လွန်းသည်။ ထို့ကြောင့် ကျောင်းသားများက ထိုဆရာမအချိန်ဆိုရင်လှုပ်တောင်မလှုပ်ရဲကြပေ။ယခုလို စာမေးမည့်အချိန်ဆိုလျှင် သေးထွက်ကျတော့မည်အထိပင် ကြောက်ဒူးတုန်နေကြလေတော့သည်။
စာတော်လှပါချည်ရဲ့ဆိုသည့် ဟိုက်ပါများတောင်မှဆရာမစာမေးလျှင် အထစ်ထစ်အငေါ့ငေါ့ချည်းသာ။ဆရာမက မျက်မှန်ဘောင်မှာ စိုက်ကြည့်ကာဒုတ်တစ်ချောင်းကိုင်လျက် ဘယ်သူ့ကိုမေးရမလဲအကဲခတ်နေသည်။ ထို့နောက်...
" ဟဲ့ဟိုစတုတ္ထတန်းက ဆံပင်ရှည်ရှည်နဲ့ကောင် မတ်တပ်ရပ် "
ထိုအခါ ဆံပင်ရှည်ရှည်နှင့် မအူမလည်ကောင်လေးတစ်ယောက်က ငါတော့မဲပေါက်ပြီဟေ့ဆိုသည့် အီလည်လည်မျက်နှာထား
ဖြင့်ပုဆိုးကို ပြင်ဝတ်ကာ မတ်တပ်ရပ်လိုက်
လေသည်။A ခန်းဟုပင်ဆိုပါသော်လည်း စာတော်သူများကို ရွေးထုတ်ထားသည့် A ခန်းတော့
မဟုတ်ပေ။ ကျောင်းအုပ်ကြီးထံ ဖားယားကာ ရောက်လာကြည့်သည့် လူတွေက ရိုက်သတ်လို့တောင်မကုန်ပေ။" ဟျောင့် ဖြိုးကြီးရ ငါ့ကိုကယ်ပါအုံးဟ "
ဇေသူရအောင် သူ၏ဘေးမှ သူငယ်ချင်းဖြစ်သူအား မျက်နှာကြီးမဲ့ရွဲ့စွာအကူအညီတောင်းလိုက်သည်။ သူ၏ဘေးတွင်ထိုင်နေသူက မနှစ်ကမှ စခင်တဲ့သူငယ်ချင်းဖြစ်သည်။
