Chapter - 2

10.5K 338 57
                                        

Uni

ငုဝါမောင်မောင် သည် ဘေးပတ်ဝန်းကျင်ကိုဂရုမစိုက်မိဘဲ သူငယ်ချင်းအသစ်ဖြစ်သူ အကိုဖြိုးဇော်ထက်နှင့်သာ ဆရာမဒေါ်သက်သက်အကြောင်းပြောရင်းရယ်နေမိသည်။
ထိုအချိန် ကိုဖြိုးက ငုဝါ၏ပါးစပ် နားလေးမှပေနေသည့် ခရင်အနည်းငယ်ကို သူ၏လက်ဖြင့် ဖြေးဖြေးချင်းဖိသုတ်ပေးလာသည်။

" အဟင်း ကလေးပေါက်စလေးကျနေတာဘဲကွာ "

ငုဝါအကို့အားရှက်ပြုံးလေးပြုံးပြလိုက်ပြီး ပေါင်မုန့်လေးကိုသာ ဆက်လက်စားရန်ပြင်လိုက်တော့သည်။

ထိုအခိုက်....

" ဝုန်းးးးးးး "

ငုဝါတို့ထိုင်စားနေသည့် စားပွဲခုံအား လူတစ်ယောက်က လှန်ချလိုက်လေသည်။ စားပွဲမှာ သံစားပွဲလေးပင်ဖြစ်သော်လည်း အားပြင်းလွန်းသောကြောင့် ရုပ်ပျက်ဆင်းပျက်မှောက်သွားရတော့သည်။ စားပွဲပေါ်တင်ထားသည့်
ပန်းကန်များမှာလည်း ကြမ်းပြင်ပေါ်၌ အစိတ်စိတ်အမွှာမွှာကြေကွဲသွားလေသည်။

ထိုလူ၏လုပ်ရပ်ကြောင့် ငုဝါထိတ်လန့်သွားမိသည်။ ထို့နောက် ထိုလူ့ကိုကြည့်လိုက်တော့ ထိုလူက ငုဝါအားမီးဟုန်းဟုန်းတောက်နေသော​ဒေါသမျက်လုံးတို့ဖြင့်စိုက်ကြည့်လာသည်။ ငုဝါ တို့သူ၏အကြည့်တို့ကိုရင်မဆိုင်နိုင်စွာ အနောက်သို့ခြေတစ်လှမ်းဆုတ်မိသွားသည်။ ထို့နောက်ကြောက်ရွံ့စိတ်တို့က စိုးမိုးသွားလေတော့၏။

​ဘေးပတ်ဝန်းကျင်မှ လူများကလဲ " ပွဲကောင်းပြီဟေ့ " ဆိုသည့်အကြည့်တို့ဖြင့်ကြည့်ကာ တစ်ယောက်တစ်ပေါက်တီးတိုးပြောလေတော့၏။

" မင်းဘယ်လိုလုပ်လိုက်တာလဲ နက်ရှိုင်းအောင် "

" မြင်တဲ့အတိုင်းဘဲလေ "

" မင်း!!!!! "

ဖြိုးဇော်ထက်၏မျက်နှာမှာဒေါသတို့ကိုဖုံးဖိထားရသည့်အတွက် နီရဲလာခဲ့တော့သည်။
သူကိုယ်တိုင်သိပေလိမ့်မည်။ ဒီကောင်ကဘာကောင်လဲဆိုတာအပါအဝင် ဒီကောင်အင်အားဘယ်လောက်ကြီးလဲဆိုတာကိုရောပင်။

ဖြိုးဇော်ထက်၏ အီးညှစ်နေသော ဘီလူးသရဲရုပ်ကြီးအား မကြည့်တော့ဘဲ သူ၏ ညာဘက်တွင် ရပ်နေသည့် နတ်သားလေးကိုသာကြည့်လိုက်တော့သည်။ ထိုကောင်လေး၏မျက်လုံးထဲတွင် မျက်ရည်ကြည်လေးတို့က ရစ်သိုင်းနေလေသည်။ ဖယောင်းကဲ့သို့ လက်ချောင်းသွယ်သွယ်လေးများမှာလဲ အနည်းငယ်တုန်ရင်နေသလိုပင်။ထိုကလေး၏အပြုအမူကိုကြည့်ကာ ကောက်ချက်ချလိုက်မိသည်က ထိုကလေးသူ့ကိုကြောက်နေသည်ဆိုတာကိုပင်။

My Last Star { Complete }Where stories live. Discover now