"အဲ့တော့ မင်းက ဂျစ်ကျချင်လို့ နတ်ပြည်က ဆင်းလာတာပေါ့"လပ်ဗ်ရှင်းပြသည့် ဇာတ်ရှည်ကြီးကို နားလည်တစ်ဝက်၊ နားမလည်တစ်ဝက်နားထောင်ရင်း ပန်ဆာ ကောက်ချက်ချမိခြင်းသာဖြစ်သည်။ ပန်ဆာက လူငယ်ဆရာဝန်တစ်ဦးဖြစ်သည့်အလျောက် သိပ္ပံနည်းကျ အချက်အလက်တွေကိုသာ အလေးပေးသည်။ နတ်တို့ နဂါးတို့မဆိုနှင့် ဘုရားပင် မှန်မှန်ရှိခိုးသူမဟုတ်ချေ။ ထိုသို့သော် လူဆီကိုမှ ဘုရားသခင်က အချစ်နတ်ဘုရားမအား ကာကွယ်ရန် တာဝန်ပေးအပ်လေသည်။
"အဲ့တာလည်း ပါတာပေါ့၊ လပ်ဗ်က အမှန်တော့ အမေ့အကြောင်းသိချင်တာ အမရဲ့။ လပ်ဗ်ကိုလွယ်လွယ်လေး လက်လွှတ်ပေးနိုင်ခဲ့တဲ့အမေက ဘယ်လိုလူမျိုးလည်းသိချင်တယ်"
ခမည်းတော်ကိုပင်မပြောနိုင်ခဲ့သည့် လပ်ဗ်ရင်ထဲမှဒဏ်ရာတစ်ပိုင်းတစ်စ တို့ကို ပန်ဆာ့အားထုတ်ပြမိသည်။ ခမည်းတော်က ရက်စက်သည်ဆိုဦးတော့၊ လပ်ဗ်ရဲ့ မိခင်သည် လပ်ဗ်ကိုသတိရသေးရဲ့လားသိချင်သည်။ အမေ ဘယ်လိုလူမျိုးလည်း သိချင်မိတာ အပြစ်တစ်ခုမဟုတ်ဟု လပ်ဗ်ခံစားမိသည်။ ထိုအခြင်းအရာကို ခမည်းတော်က နားလည်မပေးနိုင်တဲ့တူတူ ဂျစ်ကျကာ လူ့ပြည်သို့ခုန်ဆင်းလာခြင်းဖြစ်သည်။
အမေ့ကိုရှာဖို့က မခက်ချေ။ တမန်တော်ကြီးက စာနာသည်ထင်ပါသည်။ ပြန်ခေါ်လည်းမလိုက်မဲ့အတူတူဟုဆိုကာ ပေရွက်လိပ်နဲ့ အမေ့တည်နေရာကို ပြသွားလေသည်။ ရင်တုန်မိသည်။ မိမိမျှော်မှန်းထားသော မိခင်သည် မိမိကိုမလွမ်းဟု ဆိုလျှင် လပ်ဗ်ဘယ်လိုနေရမည်ကိုသိမည်မဟုတ်ချေ။
"အမရှိတယ်နော်"
ရိုးရှင်းလှသော စကားလုံးများပင်ဖြစ်သော်လည်း ပူပန်မှုတို့ပျောက်သွားသည်။ လပ်ဗ်ကိုနူးညံ့စွာကြည့်နေသည့် အမရဲ့ အကြည့်များသည် သဘောကျစရာကောင်းလှသည်။ အမနှင့်အတူရှိရသည့်အချိန်သည် ခဏသာရှိသေးသည်။ချစ်တယ်ဟု ဆိုရလောက်အောင်ပင် မသေမချာဖြစ်သင့်သေးသည့် အချိန်အပိုင်းအခြားဖြစ်သည်။
သို့သော် လပ်ဗ်အမကိုချစ်သည်။ လောတယ်ပဲဆိုဆို ဒီအမျိုးသမီးသည် လပ်ဗ်တစ်ဦးတည်းအတွက်ဖြစ်တည်လာသလိုမျိုးခံစားစေရသည့် လုံခြုံနွေးထွေးမှုကိုပေးသည်။ ထိုသို့သော်လူကို လက်လွှတ်အဆုံးရှုံးခံရဲလောက်သည့် သတ္တိလပ်ဗ်မှာမရှိချေ။ ပန်ဆာလည်းထိုသို့ခံစားရမည်ကိုသေချာသည့်အတွက် ဖြစ်မလာသေးသည့် အနာဂတ်တွေကိုတွေး၍မပူနိုင်ပေ။

YOU ARE READING
What now? (Milklove myanmar au)
Fanfictionဘယ်သူ့ကိုမှ မချစ်တော့ပါဘူးလို့ ကောင်းကင်ကိုတိုင်တည်ပြီးကျိန်ဆိုတဲ့ milk pansa က အချစ်နတ်ဘုရားမ love pattranite ကိုယ်တိုင် ဆွဲဆောင်တဲ့အခါမှာ သူ့စကားသူတည်နိုင်ပါ့မလား? ဇာတ်အညွှန်း crd: @/leightmeup on X! A milklove au wherein Milk swears to the heave...