"ငါချူယဲနဲ့လက်ထပ်မှာ..ရှောင်ကျန့်"
ပါးနဲ့မားပြန်သွားတာနာရီဝက်ပင်မကြာသေးကတိုက်ကရိုက်ဝင်လာကာပြောလာသည့်မောင့်ရဲ့စကားအဆုံးသူ့ခေါင်းနှင့်နှလုံးသားသည်ချာချာလည်သွားသလို။ဘယ်လောက်ပင်နာကျင်ရပါစေမငိုမိအောင်ထိန်းချုပ်နိုင်လှတဲ့သူကယခုတွင်တော့မျက်ရည်စက်တွေကိုထိန်းနိုင်ခြင်းမရှိခဲ့တော့။ပါးနဲ့မားရှေ့မှာငါ့ကိုသတ်တာမအောင်မြင်လို့အခုပြန်လာသတ်တာလားမောင်...။
"မောင်ကအဲ့အမျိုးသမီးကိုရွေးမှတော့...ငါ..ငါလက်ခံ...လက်ခံတာပေါ့~~"
"မျက်ရည်ချူပြပြီးစကားတွေထစ်ပြမနေနဲ့ငါမသနားဘူးရှောင်ကျန့်...မင်းကိုငါချူအာနဲ့လက်ထပ်မယ်လို့ပြောတာကမားနဲ့ပါးကိုပြောပြဖို့ပဲ...ငိုယိုပြီးလက်ထပ်ပေးလိုက်ပါလို့ပြောပေးမင်းကငိုတဲ့နေရာမှာတော်တယ်မလား"
"အော်...အင်း"
မောင်ပြောလိုက်တဲ့စကားတွေကဓားတွေနဲ့သူ့နှလုံးသားကိုလှီးဖြတ်နေသလားထင်မှတ်ရပါပေတယ်။စကားတစ်ခွန်းကလူကိုသေစေနိုင်တယ်မောင်ရဲ့...မောင်ငါသေတာမြင်ချင်လို့လားဟင်။တက်နိုင်သလောက်ငါမောင့်ကိုသိပ်ချစ်ပေးခဲ့တယ်...မောင်ကငါ့မေတ္တာနဲ့ငါ့အချစ်တွေကိုသရော်လှောင်ခဲ့တယ်။ငါ့မေတ္တာတွေစစ်မှန်ခဲ့တာမို့မောင်အဲ့အမျိုးသမီးဆီမှာပျော်ရွှင်ပါစေလို့ငါဆုတောင်းပေးပါတယ်။
ပြတ်သားတဲ့ခြေလှမ်းတွေကိုလှမ်းမယ်ကြံတော့
"မင်္ဂလာဆောင်ကိုမင်းကိုဖိတ်တယ်...လာဂုဏ်ပြုပေးပါဉီး"
"အင်း..."
ဟင့်အင်းလို့ငါပြောချင်ပေမဲ့ဘယ်တုန်းကများငါမောင့်စကားကိုလွန်ဆန်ခဲ့ဖူးလို့လည်း။မောင်ကငါ့ကိုသေစေချင်တယ်၊နာကျင်စေချင်တယ်ဆိုရင်တောင်ငါကကျေကျေနပ်နပ်မောင့်ဆန္ဒအတိုင်းဖြစ်အောင်နေပေးမှာပါ။ငါ့မေတ္တာတွေကစစ်မှန်ပါတယ်...ဒါပေမဲ့မောင်ကငါ့ကိုနည်း"လေးတောင်ဘာလို့မေတ္တာမရှိရတာလည်းဟင်။ငါဘယ်နေရာမှာမှားယွင်းခဲ့လို့မောင်နည်း"လေးတောင်မေတ္တာမသက်ဝင်ခဲ့သည်လည်း။

YOU ARE READING
မောင်ကသူ့အားပျော်တော်ဆက်တဲ့
Poetryအရက်တစ်ခွက်သည်ချိုတယ်ပြင်းတယ် မောင်သည်ဒဏ်ရာပေးဆေးထည့်တယ်