အပိုင်း ၆

168 22 12
                                        

Satang က အပြာရောင်တွေကို မမြင်နိုင်တော့ဘူး။

သူ့အခြေအနေကို satang ကမပြောပြပေမဲ့ winny သတိထားမိပါသည်။

မနက်က satang ကိုအင်္ကျီရွေးခိုင်းတုန်းမှာ သူအချိန် အတော်အတန်ကြာအောင်စဉ်းစားပြီး မလိုက်မဖက်အရောင်နှစ်ခုကိုတွဲဝတ်ခဲ့သည်။

"Phi ဒါ...အပြာရောင်လား"

သူက ငါ့အား တိုးတိုးမေးလေသည်။တကယ်တော့ အနီရောင်ပေ။

အဲ့နေ့ကစပြီး winny ပစ္စည်းတွေကို အရောင်နဲ့ ခွဲထားတာတွေကို ရပ်တန့်လိုက်သည်။

အခုနောက်ပိုင်း သူတို့ အိမ်ထဲမှာဘဲ အချိန်ပိုကုန်ဖြစ်သည်။အပြင်ထွက်ဖို့ခဲရင်းလာသည်။

Winny အခုတလော ဟင်းတွေအများကြီးချက်ဖြစ်သည်။စကားတွေလဲအများကြီး ပြောပြီး satang အထီးကျန်သလိုမခံစားရအောင် တိတ်ဆိတ်မှုတွေကို အစားထိုးလိုက်သည်။

ဒါပေမဲ့ ဘယ်အရာကမှ ကောင်းကင်ရဲ့ လွတ်နေတဲ့ နေရာကိုမဖြည့်စည်းပေးနိုင်ပေ။
_______________________________
"ကျတော်တို့ အဲ့ကိုပြန်သွားလို့ရလား"

ငါတို့အတူ ကော်ဖီသောက်နေရင်း Satang က ဆိုလေသည်။

"ဘယ်ကိုလဲ ကလေး"

"အရင်က ကျတော်တို့အတူခိုးတွေ့နေကျ မြက်ခင်းပြင်...အဲ့ခံစားချက်ကို ကျတော်ထပ်ပြီးခံစားချင်တယ်"

ဒါကြောင့် ငါ အဲ့နေရာကိုထပ်ပြီးခေါ်သွားလိုက်သည်။

သုံးနာရီကြာခရီးကို Satang နဲ့အတူ စီးနင်းလာပြီးနောက် ငါတို့ရောက်သွားခဲ့ပြီ။

ငါတို့ မြက်ခင်းပြင်ကိုရောက်သွားတော့ နေက ဝင်စပြုနေပြီ။မြက်တွေက ငါတို့ ဒူးကို လာထိပါးနေပြီး အေးမြတဲ့ လေအေးတွေက နူးညံ့တဲ့ အမှတ်တရအဖြစ် ရွေ့ပြောင်းပေးလေသည်။

Satang က ဖြေးဖြေးချင်းထိုင်ချလိုက်သည်။winny လဲ ဘေးနားဝင်ထိုင်ကာ ဖက်ထားလိုက်သည်။

"ဘယ်လိုပုံစံဖြစ်နေလဲဆိုတာ ကျတော့်ကို ပြောပြပါလား"

winny မငြိုမငြင်ဘဲ စတင်ပြောလိုက်သည်။

"ကောင်းကင်က ရွှေဝါရောင်သန်းနေတယ်။တိမ်လေးတွေက ဝါဂွမ်းလေးတွေလိုဘဲ ပြီးတော့ နေလုံးကြီးက လမ်းတဝက်ကိုရောက်နေပြီ"

Astrophile [COMPLETE]Where stories live. Discover now