မောင့်ရဲ့စကားအဆုံးမယုံကြည်နိုင်ခြင်းများစွာနဲ့ငေးကြည့်မိတယ်။မဖိတ်ခေါ်ပါပဲကျလာတဲ့မျက်ရည်စက်တွေကိုမောင်မမြင်ဖို့အလိုဌာခေါင်းကိုငုံ့ချလိုက်တော့သူ့ခြေထောက်ပေါ်ကိုတစ်တောက်"ကျသွားတဲ့မျက်ရည်စက်တွေနှင့်အတူ
"အင်း...."
ခက်ခက်ခဲခဲနာနာကျင်ကျင်နဲ့မောင့်ကိုပြောလိုက်တော့လှည့်ထွက်သွားတဲ့မောင့်ရဲ့ခြေသံကြောင့်အရုတ်ကြိုးပျက်သူထိုင်ချလိုက်တယ်။မောင်ထိုးလိုက်တဲ့ပါးကသွေးထွက်ပြီးရောင်ကိုင်းပြီးနာကျင်လှပေမဲ့မောင်ကအဲ့အမျိုးသမီးယုံဖို့အတွက်သူ့ကိုထိုးနှက်သည်ဆိုသည့်စကားသည်သိပ်နာကျင်ရလေ၏။မောင်ကအဲ့အမျိုးသမီးရဲ့မယုံသင်္ကာမျက်ဝန်းတွေပဲမြင်ခဲ့ပြီးသူ့ရဲ့မျက်ရည်တွေကိုကြဘာကြောင့်မမြင်ခဲ့သည်လည်း။ထပ်ပြီးနာကျင်စေသည်ကမောင်ကသူ့အားအပျော်တွဲသည်တဲ့....သူအစကတည်းကသိပြီးပေမဲ့မောင့်နှုတ်ဖျားကထွက်လာသည့်အချိန်မှာတော့နာကျင်ရသည်ထက်နာကျင်ရပေသည်။
သို့သော်....မေမောင့်ရဲ့လက်ဖဝါးတွေသူ့ပါးကိုထိုးနှက်သည့်အချိန်နာကျင်မှာသိပ်ကြောက်မိပါသည်။မောင့်ရဲ့လက်ဖဝါးတွေကသိပ်နူးညံ့သည်လေ။သိပ်ရူးနှမ်းလိုက်လေခြင်းလို့အပြစ်ဆိုပါစေမောင်ကသူ့အတွက်တော့အဖိုးတန်ရတနာတစ်ပါးပင်။ဘုရားပြီးရင်ကိုးကွယ်သည်ကမောင်ပဲဖြစ်သည်မို့မောင်သာတစ်ခုခုဖြစ်ခဲ့လျှင်သူသေမည်မှာဧကန်မုချ။ဒါကဝဋ်ကြွေးလို့နာမည်တပ်ရင်တောင်သူကမောင့်ဆီကျေကျေနပ်နပ်ဝဋ်ကြွေးတွေဆပ်လှည့်ပါ့မယ်။
အအေးဒဏ်ကိုမခံနိုင်တဲ့သူကစောစီးစွာထလိုက်ပြီးမနက်စာကိုချက်ပြုတ်မယ်ကြံချိန်မောင်ချစ်ရတဲ့အမျိုးသမီးကိုမီးဖိုခန်းထဲမှာတွေ့လိုက်ရတော့ရင်ထဲဆစ်ခနဲ။
"ချူယဲ...ကိုယ်ကြက်ဉမွှေထားတယ်အဆင်ပြေလောက်လား"
နောက်ဆက်တွဲမောင့်ရဲ့စကားအဆုံးမှာသူနှလုံးသားပြုတ်ကျသွားသည်လားဟုထင်မှတ်ရသည်အထိနာနာကျင်ကျင်ခုန်နေခဲ့သည်။ဒါကလူအများပြောသလိုရင်ဘတ်နာသည်လို့ပြောချင်တာလား။သူဟင်းတွေဘယ်အချိန်ချက်"လာမကူညီတဲ့မောင်ကထိုအမျိုးသမီးလေးကိုတော့ကူညီနေသည်တဲ့။ဆက်ငေးမကြည့်နိုင်၊မကြားနိုင်တော့ပဲအိမ်ပြင်ကိုပြေးထွက်လိုက်တယ်။

YOU ARE READING
မောင်ကသူ့အားပျော်တော်ဆက်တဲ့
Poetryအရက်တစ်ခွက်သည်ချိုတယ်ပြင်းတယ် မောင်သည်ဒဏ်ရာပေးဆေးထည့်တယ်