အပိုင်း ၅

174 23 11
                                        

ဆေးရုံက အမြဲ သန့်ရှင်းတယ်လို့ ခံစားရစေတယ်။အရမ်းလဲလင်းပြီး အရမ်းလဲ အေးလွန်းတယ်။

ငါ့လက်တွေက အေးနေသော်လည်း Satang ရဲ့အမည်ကို ဖောင်မှာဖြည့်လိုက်ချိန်မှာ ချွေးစီးတွေက ထွက်လာသည်။

Satang ကငါ့ဘေးမှာ ထိုင်နေကာ ပေါင်ပေါ်မှာ သူ့လက်တွေကိုတင်ထားသည်။

သူက စကားတွေလဲအရမ်းမပြောသလို မေးခွန်းတွေလဲ အရမ်းမမေးပေ။ခေါင်းကိုလဲငုံ့ထားကာ ကြမ်းပြင်တွေကိုဘဲ စိုက်ကြည့်နေသည်။

ငါ သူ့အခြေအနေကို သိသွားချိန်မှာ ဆေးရုံသွားဖို့ပြောပြီး ခေါ်လာခြင်းပေ။

Nurse ရဲ့ ခေါ်သံကိုကြားချိန်မှာတော့ winny ကအရင်မတ်တပ်ရပ်လိုက်သည်။

Satang က သိပ်မကြာခင်မှာဘဲ ထရပ်လာကာ ငါတို့ရဲ့ အသံနောက်ကို ကြည့်နေသည်။

ဒီမျက်လုံးအထူးကုဆရာဝန်က သဘောကောင်းသည်။

အသက်ကြီးပေမဲ့ နူးညံ့သည်။ဒီလို အခန်းမျိုးက Satang အတွက်လောက် လေးလံသလဲဆိုတာ သိတဲ့အတိုင်း သူက ကြင်ကြင်နာနာဆက်ဆံပေးသည်။

ဘယ်အချိန်ကစတာလဲ? ဘယ်လိုခံစားရလဲ? နာကောနာလား?

စတဲ့ မေးခွန်းမျိုးတွေလဲ မေးလေသည်။

Satang က အရင်လိုဘဲ တိုတိုနဲ့ရှင်းရှင်းကိုသာ ပြန်ဖြေသည်။

"ကောင်းကင်က ညဘက်တွေမှာ ပိုပြီးမှောင်လာတယ်၊အရမ်းလင်းလာရင်လဲ ပစ္စည်းတွေကို ဝင်တိုက်မိတယ် ပြီးတော့ မီးတွေပိတ်ထားရင်လဲ ကျတော် မျက်နှာကိုမမြင်ရဘူး"

ဆရာဝန်က လျင်လျင်မြန်မြန်ဘဲ သူလုပ်စရာရှိတာကို လုပ်လေသည်။

အလင်းကို တုံ့ပြန်ပုံ၊လှုပ်ရှားပုံတွေ ရှု့ထောင့်တွေကို စစ်လေသည်။

အလင်းတွေက ကျရောက်လာပေမဲ့ Satang က မျက်တောင်မခပ်ပေ။ဆရာ့ရဲ့ လက်ချောင်းရဲ့လှုပ်ရှားမှုတွေ နောက်ကိုလဲ မလိုက် ပြတဲ့ နံပါတွေကိုလဲ မမြင်ပေ။

Winny Satang ကိုလှည့်ကြည့်လိုက်
သည်။ငါက တုန်လှုပ်နေပေမဲ့ Satang ဆီကတော့ တုန်လှုပ်တာကိုမတွေ့ရပေ။

Astrophile [COMPLETE]Where stories live. Discover now