အပိုင်း ၄

154 23 11
                                        

လက်ရှိအချိန် နာရီ မိနစ်...

ကားတွေက လမ်းပေါ်ကနေ ကောင်းကင်ကို အော်ဟစ်နေသလို ဆူညံနေကြသည်။အဆောက်အအုံတွေကလဲ ကြမ်းတမ်းတဲ့ မီးရောင်တွေနဲ့ မှိတ်တုတ် မှိတ်တုတ်နှင့်ပေ။

Satang က အခုနောက်ပိုင်း ငါ့လက်မောင်းတွေကို ပိုပြီး တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားတတ်တယ်။

ငါ့အနောက်ဘက် ခြေလှမ်းတလှမ်းအကွာကနေဘဲ လမ်းလျှောက်တတ်ပြီးတော့ သူ့နာမည်ကိုခေါ်လိုက်ရင် ခဏအကြာမှ လှည့်ကြည့်တတ်လေသည်။

ဒါပေမဲ့ ငါအခုထိ အဲ့ကိစ္စတွေနဲ့ပတ်သတ်ပြီး ဘာမှမပြောဖြစ်ပေ။

အရင်အိမ်က လမ်းမနဲ့နီးကာ ညဘက်ဆို ကြယ်တွေကို မမြင်ရတာကြောင့် ကောင်းကင်ကိုသေချာမြင်ရပြီး တိတ်ဆိတ်တဲ့ စာကြည့်တိုက်အပေါ်မှာရှိတဲ့ တိုက်ခန်းလေးကို ပြောင်းလာခဲ့ကြသည်။

ခေါက်ဆွဲဆိုင်နဲ့ ပန်းဆိုင်နားမှာတည်ရှိတဲ့ ဒီအိမ်လေးက winny ကို စိတ်သက်သာရာရစေသည်။

ဒါပေမဲ့ တခုခုကတော့ လွဲနေပြီ။

Satang က တကြိမ်လေးတောင်မှ ကောင်းကင်ကို ထပ်မကြည့်တော့ဘူး။
_____________________________
အဲ့ညမှာ winny အရင်က အတူတူစားခဲ့ကြဖူးသလို ဟင်းချက်ထားလိုက်သည်။

Satang က မီးဖိုချောင််စားပွဲမှာထိုင်ရင်း နေရာချထားတဲ့ ပစ္စည်းတွေကို လက်ချောင်းတွေဖြင့် စမ်းကာ မှတ်မိဖို့ကြိုးစားနေသည်။

"အဆင်ပြေရဲ့လား ကလေး?"

"အင်း"

Winny မေးလိုက်တော့ satang က ပြုံး၍ပြန်ဖြေလေသည်။

ဒါပေမဲ့ ဒါက အဖြေမှန်မဟုတ်ဘူး။

ငါ satang ထမင်းစားတာကို ကြည့်နေလိုက်သည် အရင်က ငါ့လက်ရာအပေါ် ချီးကျူးလိုက် အားပေးလိုက်နဲ့ပြောတတ်တဲ့ satang ကိုလွမ်းမိသည်။

အခုတော့ သူက အရမ်းကိုတိတ်ဆိတ်လွန်းအားကြီးသွားပြီ။ဒါတွေကလဲ မြို့ကိုပြန်သွားခဲ့တဲ့ ငါ့ရဲ့အပြစ်တွေကြောင့်ဘဲဖြစ်မှာပါ။

ညစာစားပြီးတဲ့နောက် ငါ satang ကို ကြယ်တွေကြည့်ဖို့ အိမ်ပေါ်ထပ်မှာရှိတဲ့ ဝရံတာဆီကိုခေါ်လာလိုက်သည်။

Astrophile [COMPLETE]Where stories live. Discover now