🌸ပန်းနုရောင် ဘာသာစကား🌸
~~~~~~~~~~~~~~~~~~~~~~
Part _ 32"ကဲဟယ်"
"ဖတ် ဖတ် ဖတ် ဖတ်"
"ဟင်"
ဥပုသ်စောင့်ရာက ပြန်လာပြီး အိမ်ပေါ်ကို အတက် မြေးတို့ အခန်းထဲက ရိုက်နေတဲ့အသံကို ကြားလိုက်ရတာမို့ အမောဆို့သွားရတော့သည်။ခန်းဆီးလေးဟပြီး မသိမသာ အကဲခတ်ကြည့်လိုက်တော့ ....
"ဟင်"
မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ဒေါ်တင်မာနွယ် မျက်လုံး ပြူးသွားရသည်။ပြေလေးက ခွေခွေလေး အိပ်နေပြီး ခင်ခင်က အနားမှာ ထိုင်နေကာ သစ်သားပေတံလေးဖြင့် ပြေလေးရဲ့ ခြေသလုံးနဲ့ တင်ပါးတွေကို တဖတ်ဖတ်နဲ့ ရိုက်နေလေသည်။
မေမေက က အခန်းထဲကို ဝင်ဖို့ ပြင်နေတော့ တင်မောင်မောင် အတင်းဆွဲထားလိုက်ရသည်။လေသံကို နှိမ့်လိုက်ရင်း
"မေမေ ဘာလို့ ဝင်မှာလဲ"
"ဟိုမှာ ခင်ခင်လေးက ရိုက်နေတယ်လေ"
"ထားလိုက်ပါ သူတို့ဟာသူတို့ ရှင်းကြပါစေ"
"နောက်တစ်ခါ သောက်ရဲသောက်ကြည့် ကိုကြီးကို ခြင်ထောင်ထဲကို ပေးမဝင်ဘူး"
"အာ မလုပ်ပါနဲ့ကွာ ယောက်ျားနဲ့ အရက်ဆိုတာ အပြတ် ဖြတ်လို့မရဘူးကိုးရဲ့ ဘော်ဒါတွေနဲ့ ဆုံရင်တော့ တခါတလေ မော့ချင်တာပေါ့ကွာ မယုံရင်
ဦးမောင်တောင် ဖြတ်နိုင်လား သွားမေးကြည့်""ဪ ဒီလိုလား ရတယ်လေ အခု ခင်ခင်တို့က မင်္ဂလာတောင် ဆောင်ရသေးတာမဟုတ်ဘူး ...
ရှင်အရက် မဖြတ်နိုင်ပေမယ့် ကျွန်မက ရှင့်ကို ဖြတ်နိုင်တယ် ပြန် အခု ရန်ကုန်ပြန်တော့""ဟာ ကိုး... အဲလိုမလုပ်နဲ့လေ ငါတို့ကလင်မယားဆိုတာ တစ်ရွာလုံး သိကုန်ပြီဟာကို"
"သိသိပေါ့ ကိုယ့်ရွာမှာ ကိုယ့်ဟာကိုယ် ရအောင် ရှင်းလိုက်မယ် ရှင်နဲ့ကျွန်မက တကယ် ပေါင်းရသေးတာ မဟုတ်ဘူး အခု နောက်ဆုတ်ရင် မှီသေးတယ် သွား သွားတော့ အပြင်ထွက်တော့"
"မထွက်ပါဘူး"
"အရမ်းနံတယ်လို့ သွား အပြင်မှာ သွားအိပ်"

YOU ARE READING
🌸ပန်းနုရောင်ဘာသာစကား🌸
Romanceနှောင်ကြိုးပဲရှိရှိ မိုးသက်မုန်တိုင်းပဲရှိရှိ ငှက်တစ်ကောင်သာဖြစ်ခွင့်ပေးပါ.... မင်းဆီ ကိုယ် အရောက်လာခဲ့မှာပါ.......