အပိုင်း ၃

162 25 8
                                        

လွန်ခဲ့တဲ့ ၇နှစ်....

ကောင်းကင်က ဒီညအတွက် အရမ်းကိုလှပလွန်းတယ်။

ငါ နူးညံ့တာတွေကိုမုန်းသည်။ကြယ်တွေက တောက်ပလွန်းပြီး ငါနဲ့ Satang ကြားမှာ တိတ်ဆိတ်မှုအဖြစ်ဝင်ရောက်နေတယ်။

လေပြင်းက တခါမှ မကျရောက်တဲ့ မိုးရနံ့သင်းသင်းနဲ့အတူ ဖြတ်သန်းသွားသည်နဲ့တပြိုင်နက် မွန်းကြပ်မှုကို ငါခံစားလိုက်ရသည်။

Satang က ကျောင်းနောက်က မြက်ခင်းပြင်မှာ လှဲလျောင်းနေပြီး လက်နှစ်ဖက်ကို ခေါင်းနောက်မှာခံထားကာ ထုံးစံအတိုင်း ကြယ်တွေကို မော့ကြည့်နေသည်။

"ဟူး...."

Winny ဘာမှမပြောလိုက်ဘဲ သက်ပြင်းတချက်ချလိုက်ကာ ဘေးကပ်ရပ်ကိုဝင်လှဲလိုက်ပြီး Satang ကိုကြည့်နေလိုက်သည်။

ဒီအခိုက်အတန့်လေးမှာဘဲ Winny ထာဝရနေသွားချင်သည်။

ဒါပေမဲ့ ငါ မလုပ်နိုင်ခဲ့ဘူး။

"ခများ နောက်ကျတယ်နော် phi"

Satang ရဲ့တည်ငြိမ်တဲ့ အသံ။

"ကိုယ် တောင်းပန်ပါတယ်ကွာ"

ငါ့တောင်းပန်မှုကို ခေါင်းငြိမ့်ပြ၍ လက်ခံကာ ကောင်းကင်ကြီးကို ပြန်ကြည့်သွားသည်။

"Phi အဲ့ဒါက Altair လေ Vega နဲ့ဝေးရာကို အမြဲထွက်ပြေးတတ်တဲ့ကြယ်ပေါ့"

Satang လက်ညှိုးထိုးပြတဲ့နောက်ကို Winny ကြည့်လိုက်သည်။

"ဒီတခုကကော"

ငါ နောက်ထပ်တနေရာကို လက်ညှိုးထိုးပြလိုက်သည်။

"ကျတော် မသိတော့ဘူး"

Winny Satang ဘက်ကိုလှည့်ကြည့်လိုက်၏။Satang ကခပ်ရေးရေးပြုံးနေ​သည်။ပြီးတော့ ပိုပြီးထူးခြားတာက Satang က ကြယ်တွေကိုကြည့်နေတာမဟုတ်ခဲ့ဘူး။

Satang ကကြယ်တွေကို လိုက်ရှာနေခဲ့တာ..ကြယ်တွေကို ပုံမှန်အတိုင်း မြင်ရသလိုဟန်ဆောင်ရင်းနဲ့ပေါ့။

အချိန်ဆွဲမနေတော့ဘဲ ငါပြောစရာရှိတာကိုသာ ပြောဖို့ သတ္တိမွေးလိုက်သည်။

"Satang..ကိုယ်ပြောစရာရှိတယ်__"

"Krub"

Satang က ကြယ်တွေကိုဘဲ ဆက်ကြည့်နေကာ ခေါင်းငြိမ့်ပြသည်။

Astrophile [COMPLETE]Where stories live. Discover now