ငချိန်းနဲ့လှည်းချောင်းကူးရွာဂရက်များ

7.1K 237 27
                                    

Unicode

ချိန်းချိန်းနှင့် လှည်းချောင်းကူးရွာ၏ 11ရက်အတွေ့အကြုံ

ပြောပြရရင် ချိန်းချိန်း ဖြစ်ပုံက ငိုရအခက်ရယ်ရအခက်တော့
တောထဲရောက်ရောက်ချင်း အရှေ့အနောက်ခွဲတာမှားပြီး
တောကိုစောင့်ရှောက်နေတဲ့ နတ်တွေရဲ့ အပင်ဘက်လှည့်ပြီး အပေါ့သွားမိတာ
မသေလို့ ကံကောင်းတယ်ဗျာ😭😭
ညတွင်းကြီး သတိပေးတာ သေတော့မတတ်ဘဲတောင်းပန်လိုက်ရတာဆိုတာ
ဖေကြီး မေကြီးတင်မကဘူး အဒေါ်တွေရော ပြာတောက်သွားကြတာပဲ
ငယ်ငယ်ကတည်းက သွားလာနေတာဆိုပေမယ့်
ကလေးဆိုတော့ အပြစ်မယူခဲ့တာထင်ပါတယ်

အခုကျ ကလေးမဟုတ်တော့ သတိပေးတာကိုက
အသက်ထွက်တော့မတတ်ဘဲ မြေးလေးတွေကို ခွင့်လွှတ်ပါဆိုပြီး ညတွင်းချင်း ရေမန်းတွေရော ဘုရားစာတွေရော ကိုယ်တိုင်တောင်းပန်မှ မခံရတော့တာ
အမလေး ချိန်းချိန်း‌ သေတော့မယ်ကိုထင်တာပါဆို
ကြိုဆိုပွဲလေးက လှလှလေးနော် အဟင့်

ရှင်လေးတို့ ဦးလေးကလေ လူပျိုကြီး အရှက်သည်းချက်ကတော့ ကန်တော့ချင်လို့ပါဆိုတာကို အိပ်ချင်ယောင်ဆောင်နေတာ ထကိုမလာဘူး
ဓာတ်ပုံရဖို့နေနေသာသာ စကားကိုမပြောတာတော်
သင်္ကြန်တွင်းမှာ ငချိန်းလေးရဲ့ အကျင့်မကောင်းတဲ့ menstruation ကထလာတော့ တဲမှာ
ကောင်မလေးရယ် ဦးလေးရယ် ချိန်းချိန်းရယ်ပဲကျန်ခဲ့တာ..

ကျန်တဲ့ဦးလေးတွေက ထန်းရေသောက်ပြီး သူတို့ဟာသူတို့ မအားကြဘူး
ငချိန်း ဦးလေးကတော့ စကားသာမပြောတာတော်
ငချိန်းတို့တင်ရှိနေခဲ့တာသိတော့ တဲကနေ တစ်ဖဝါးမှကို မခွာဘူး သူ့တူမလေးကို
မသိမသာစောင့်ရှောက်ပေးတာတော် ချစ်စရာကြီးပါဆို🤭🤎

အတွေ့အကြုံကိုမျှရမယ်ဆို‌ရင်‌ရင်တော့ တဲကနေကို မခွာခဲ့ရဘူး
တောထဲက ဦးလေးတွေ အဒေါ်တွေအိမ် အကုန်ထမင်းပတ်စား ကလေးတွေက နောက်က တသီတတန်းကြီး ပတ်လိုက်
မိတ်ကပ်တွေလျှောက်ပြင်ပေး
တောထဲဟိုလျှောက်သွား ဒီလျှောက်သွားနဲ့
အတတ်နေ့လဲရောက်ရော ထုံးစံအတိုင်း တဲမှာကျန်ခဲ့တာ

မေကြီးတို့ကတော့ ဥပုသ်ကျောင်းသွားကြတာ
အဲ့ချိန်မှာပဲ လေယာဉ်နဲ့ မယဉ်ခတ်နွယ်တို့ရွာလေ စစ်စီဆိုတဲ့ရွာ
လေယာဉ်နဲ့ကျဲတာတော်
လှည်းချောင်းကူးနဲ့ စစ်စီကကပ်ရပ်‌ဆိုတော့
ရွာပေါ်ကိုကျဲတာလို့ထင်ပြီသ လူက ပူထူနေတာ
အသံကလည်းအကျယ်ကြီး မြေတွေပါတုန်
လေယာဉ်ကလည်း မေကြီးတို့ ဥပုသ်စောင့်တဲ့ကျောင်းပေါ်ကနေ ဝေ့ပြီးကို ကျဲတာ
သင်္ကြန်တွင်း အတတ်နေ့ဆိုတော့ လူတွေကစည်
စိတ်တွေမကောင်းပြီး ငိုချင်တာဆိုတော့ ပြောမနေနဲ့
တဲမှာ ကလေးတွေလဲ ကျန်ခဲ့တော့ ကိုယ့်တောထဲကျဲရင် ပြေးဖို့ကလည်းတွေးရသေးတာ
မေကြီးတို့ကိုလည်း စိတ်ကပူနဲ့
စိတ်တွေဆင်းရဲချက်ကတော့ ပြောမနေနဲ့

You've reached the end of published parts.

⏰ Last updated: Apr 22 ⏰

Add this story to your Library to get notified about new parts!

စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ...(Complete)Where stories live. Discover now