Part _31

37K 1.4K 125
                                        

🌸ပန်းနုရောင် ဘာသာစကား🌸
~~~~~~~~~~~~~~~~~~~~~~
Part _ 31

"ကိုကြီး"

ပြောနေကြတဲ့သူတွေက သူစိမ်းမပါ ကိုယ့်အမျိုးတွေမို့ မကောင်းတတ်လို့သာ ခင်ခင် ဟန့်လိုက်ရပေမယ့်  ကိုကြီးပြောနေတာတွေက မလွန်ပါ ခင်ခင် လူမှန်းသိတတ်စကတည်းက ဒီလိုစကားတွေကို မကြာခဏ ကြားခဲ့ရပြီး ကြိတ်ငိုခဲ့ရပေါင်းလည်း များလှပြီ။

အခုတော့ ရင်ထဲမှာ နှစ်ပေါင်းများစွာ တနုံ့နုံ့ခံစားပြီး ထမ်းထားရသော အထုတ်ကြီး ပခုံးပေါ်ကနေ ပစ်ချလိုက်ရသလိုမျိုး စိတ်လက်ပေါ့ပါးသွားရတော့သည်။

လူကြားထဲမှာ အပြောခံလိုက်ရတဲ့ မဖွေးခင်မျက်နှာက ပို၍ မည်းသွားသလားတောင် ထင်ရတာမို့
ခင်ခင် အားနာသလိုလိုတောင် ဖြစ်မိသည်။ခင်ခင်တို့ရွာက လူတွေက အသားညိုတဲ့သူ မည်းတဲ့သူ ရှားပြီး တစ်ရွာလုံး ဘယ်သူ့ကြည့်ကြည့် အသားက ခပ်ဖြုဖြူတွေဖြစ်သည်။မဖွေးခင်တစ်ယောက်သာ သိသိသာသာ မည်းရှာတော့ ကိုကြီး ပြောလည်းပြောစရာပင်။

"အရီးတို့က မသိလို့ ပြောတာပါအေ အခုလို လူကောင်းသူကောင်းလေးနဲ့ ရတာဆိုလည်း ဝမ်သာပါတယ်"

"ဝမ်းသာရင် ပြုံးပြီးပြောမှပေါ့ဗျ အရီးမျက်နှာကြီးက ငိုမှာလို ရယ်မှာလိုနဲ့ ဘာလဲ တကယ်ကြီး ငိုတော့မလို့လား"

"ကျောင်းမပြီးခင် ယောက်ျားယူတာနဲ့ပဲ အဘွားတင်မာနွယ် မြေထောင်မြှောက်ပေးရကျိုးမနပ်ဘူးက ဖြစ်ရသေးတယ်.... ဘာလို့ မနပ်တာလဲ သူက ကျွန်တော်နဲ့ယူလည်း ဆရာဝန်ဖြစ်သည်အထိ ကျောင်းဆက်တက်မှာ သူ့ယောက်ျားဖြစ်တဲ့ ကျွန်တော်က ဆက်ထားပေးမှာ စိတ်ချ"

"အေးပါကွယ် အခုလို ကြားရတာ ဝမ်းသာပါတယ်"

"ကိုကြီး ပြန်စို့"

"အင်း ကိုး ပြန်ချင်ရင်လည်း ပြန်ကြတာပေါ့ လာလေ"

"ကဲ ကဲ အမျိုးတွေအားလုံး ပြန်လိုက်ပါဦးမယ်ခင်ဗျ....နေ့ပြောနောက်၊ညပြောအောက်ဆိုတဲ့ စကားပုံလေးလည်းမမေ့ကြနဲ့ပေါ့ဗျာ မဟုတ်ရင် ပိသာလေးနဲ့နံဘေးထုတာ ခံရတတ်တယ်ဗျ"
_
_
_
_
အရီးတို့အိမ်ဝိုင်းကနေ ပြန်လာတော့ လမ်းမှာ ရေပက်နေကစားနေကြတဲ့သူတွေက ဟိုနားစုစု သည်နားစုစုနဲ့ အသွားတုန်းကထက် များနေလေသည်။ရွယ်ကိုးမျက်နှာလေးက မဲ့ရှုံ့သွားပြီး.....

🌸ပန်းနုရောင်ဘာသာစကား🌸Where stories live. Discover now