🌸ပန်းနုရောင် ဘာသာစကား🌸
~~~~~~~~~~~~~~~~~~~~~~
Part _ 30အိမ်ပေါ်ပြန်ရောက်လို့ ခြင်ထောင်ထဲကိုပြန်ဝင်တော့ ပြေပြစ်ရင်ထဲမှာ ဟာနေလေသည်။ဒီအသက်အရွယ်အထိ တစ်ယောက်ထဲ အိပ်လာခဲ့တာအကောင်း ဒီတစ်ညမှာတော့ သူ ဘယ်လိုမှ အိပ်လို့မရ။ဟိုလူး သည်လှိမ့် လုပ်နေရာက ဘယ်လိုမှ သည်းမခံနိုင်တော့တဲ့အဆုံး ထထိုင်ပြီး ....
"အဘွား"
"ဘာလဲ သား"
"ကျွန်တော်.. ကျွန်တော် ရွယ်ကိုးနဲ့ အတူတူ အိပ်လို့ရလား အဘွား"
"ဟဲ့ ..."
"ဪ ဒီကောင်လေးနှယ် ....ခက်လိုက်ပါဘိ"
"ကျွန်တော်က ရွယ်ကိုးကို လွမ်း.. အဲ ပြောစရာရှိလို့ လိုက်လာတာကို အခုချိန်ထိ စကားသေချာ မပြောရသေးဘူး အဘွား"
"သားက ဘာများပြောမလို့တုံး မနက်မှ ပြောပေါ့ လမ်းမှာလည်း သေချာ မအိပ်လာရသေးဘူးဆို"
"ဟုတ် ကျွန်တော်နဲ့ရွယ်ကိုး မင်္ဂလာဆောင်ဖို့အကြောင်းတွေ ပြောချင်တိုင်ပင်ချင်လို့ပါ အဘွား"
"ဟင်"
"ရွယ်ကိုးကလေ အခု အသက်ပြည့်ဖို့ လပိုင်းလေးပဲ လိုတော့တာဆိုတော့ အခု ကျွန်တော်ရောက်နေတုန်း မင်္ဂလာဆောင်မယ်လေအဘွား"
ခင်ခင် အံ့ဩလွန်းလို့ အသံမထွက်မိအောင် ပါးစပ်ကို လက်ဖဝါးနဲ့ အုပ်ထားလိုက်ရသည်။ဒေါ်တင်မာနွယ်နဲ့ သားဖြစ်သူတင်မောင်မောင်တို့ဆီကလည်း ဘာသံမှ ထွက်မလာဘဲ ပြေပြစ်ဂုဏ်ရောင်ရဲ့ အသံကသာ အိမ်ကလေးထဲမှာ မတိုးမကျယ် ပျံလွှင့်နေလေသည်။
"မနက်ဖြန်ကျရင် အဘိုးတို့ကို ဖုန်းဆက်ပြီးတော့ အကျိုးအကြောင်း ပြောပြမယ် ခန်းဝင်ပစ္စည်းကစလို့ တခြားလိုအပ်တာတွေ အကုန်ဝယ်ပြီး လိုက်ခဲ့ကြဖို့ ပြောလိုက်မယ် အဘွား"
"မင်္ဂလာဆောင်ဖို့ စရိတ်နဲ့ လက်ထပ်လက်စွပ်ဝယ်တာကတော့ ကျွန်တော်လုပ်အားနဲ့ ရှာထားတဲ့ပိုက်ဆံပါအဘွား တင်တောင်းဖို့ ပစ္စည်းတွေကတော့ လောလောဆယ် မိဘတွေ ထားခဲ့တဲ့ အမွေနဲ့ပဲ တင်တောင်းပါရစေ "
"ကျွန်တော် လုပ်နေတာလေးက အခုအနေအထားအတိုင်းဆို မဆိုးဘူးလို့ ပြောလို့ရပါတယ် ကျွန်တော်ကြိုးစားမှာပါအဘွား ရွယ်ကိုးတစ်သက် မတောင့်မတ မကြောင့်မကျ နေရအောင် ကျွန်တော်ထားပါမယ်လို့ ကတိပေးပါတယ်"

YOU ARE READING
🌸ပန်းနုရောင်ဘာသာစကား🌸
Romanceနှောင်ကြိုးပဲရှိရှိ မိုးသက်မုန်တိုင်းပဲရှိရှိ ငှက်တစ်ကောင်သာဖြစ်ခွင့်ပေးပါ.... မင်းဆီ ကိုယ် အရောက်လာခဲ့မှာပါ....... Start Date _ March 21 ,2025 End Date _Jun 10 ,2025