Chapter-11

4.9K 333 14
                                    

unicode

နေရောင်က စူးခနဲကိုယ်ပေါ်ရောက်လာတော့မှ မျက်လုံးကိုဖွင့်မိသည် အလန့်တကြားနာရီကိုကြည့်တော့ ၁၀နာရီအ သွားပြီ ဘယ်ုလိအိပ်ပျော်သွားပါလိမ့်သူဗိုက်ဆာနေတော့မှာဘဲအိပ်ယာထက်ကလူးလဲထရင်း သူရှိရာအခန်းထဲလာတော့ ဗလာနတ္ထိ....စိုးရိမ်စိတ်နဲ့ ကြောက်လန့်မှုကအစိုးမရစွာ ခြံထဲကိုအပြေးတပိုင်းဆင်းသွားတော့ပန်းပင်လေးတွေကြား လိပ်ပြာလေးတွေကို ပိုက်ကလေးတစ်ခုနဲ့လိုက်ဖမ်းနေတဲ့ သူ့ကိုမြင်မှအပူလုံးတခုကျသွားတယ်ပေါ်တီကိုတိုင်လုံးလေးကိုမှီရင်း သူ့ကိုကြည့်နေမိသည်.....။သူ့မျက်စိကွယ်ရာမှာ စိတ်လွတ်လက်လွတ်ရယ်နေတာများပြုံးနေတာများ"Minnie Hyung Minnie Hyung"ဟောလာပါပြီ သူ့ဘော်ဒါတွေ ...ခြံတံခါးရှေ့အော်ခေါ်နေတဲ့ကလေးတစ်သိုက်ဆီ ပြေးသွားတဲ့သူ့ကို ချော်လဲမှာစိုးလို့ အနောက်ကလိုက်သွားမိသည်။"ဆော့ကြမယ် ဟေး...""ကလေးတို့ Changmin hyungကညကကိုယ်နည်းနည်းပူထားတယ် အဲ့ဒါ Hyungပင်ပန်းအောင် အရမ်းမဆော့ရဘူးနော် ပြီးတော့ Hyungမနက်စာမစားရသေးဘူး ဆိုတော့ ၁၁နာရီဆို လာပို့ရမယ်""ဟင် ၁ နာရီထဲ Minnieကဘယ်လိုဆော့ရမှာလဲ""Minnie မနက်စာမစားရသေးဘူးလေ ဗိုက်ဆာမှာပေ့ါ ဆေးလဲသောက်ရဦးမယ် ညနေ ဆရာဝန်ကြီးလဲလာမှာလေ""ဟင့်အင်း မရပါဘူး ၂နာရီလောက်တော့ဆော့မှာပေ့ါ""Minnie ကလိမ်မာတယ်လေ နောက်နေ့မဆော့ရတော့ဘဲနေရင်ဘယ်လိုလုပ်မလဲ"တွေတွေလေးဖြစ်သွားပြီးနောက် စူပုပ်ပုပ်မျက်နှာလေးနဲ့"ပြီးရော ပြီးရော ဒါကြောင့် Minnie ခင်ဗျားကိုမုန်းတာသိလား..."အော်.......ကလေးတွေနဲ့ပြေးထွက်သွားတဲ့သူ.....သူ့စိတ်ထဲမှဘာမှမရှိတာ သူပြောသမျှကိုအတည်ယူလို့မရတာ သိနေပေမယ်မုန်းတယ်လို့သူပြောတိုင်း ရင်ထဲစူးခနဲ....တစ်ပတ်ကြာသတိလစ်မေ့မျောနေရာက ပထမဆုံးသတိရလာတဲ့အချိန် သူ့စိတ်ထဲမှာ သူခုထိ အလယ်တန်းကျောင်းသားလေးလို့ခံယူထားတယ်ကိုယ့်ကိုမြင်တော့မှ ခင်ဗျားဘယ်သူလဲမုန်းစရာကြီးတဲ့...သူ့အတွက်ရယ်ရမလိုငိုရမလို ကလေးလေးတစ်ယောက်လိုဖြစ်သွားတာလေးကိုလဲ ကိုယ်မမြင် ကိုယ်မသိခဲ့ရတဲ့သူ့ငယ်ဘဝလေးမို့ပိုချစ်မိတယ်ဒါပေမယ့်လဲ မုန်းတယ် ခင်ဗျားကိုတဲ့ဖေဖေ့ဆီကခေါ်ထားတယ်တဲ့.... ကဲမုန်းရတဲ့အကြောင်းအရင်းလေးမေးတော့လဲ မသိဘူး မုန်းတယ်တဲ့တခုဘဲ ပီဇာဝယ်ကျွေးတဲ့အချိန်ဆိုရင် တော့မမုန်းဘူးဆိုဘဲဗျာ...ချစ်စရာလေးမဟုတ်ပါလား............ဖုန်းမြည်သံကြောင့် နံပါတ်လေးကြည့်လိုက်တော့"ဟုတ်ကဲ့ အန်ကယ်လ်..ဟုတ်ကဲ့ သူနေကောင်းပါတယ် ညနေဆရာဝန်လာမယ် ဟုတ်...စိတ်မပူပါနဲ့ ဟုတ်... အဲ့Foundationကိစ္စ အန်ကယ်လ်ကြည့်စီစဉ်လိုက်လေ သမ္မတကြီးလဲခွင့်ပြုပြီးသားဟာ ဟုတ် ဖေဖေကတော့ အဲ့ရက် ခရီးသွားမယ်ထင်တယ်သူလဲသိတယ် ဟုတ်...ကျွန်တော်မလာတော့ဘူး Minnieကို အဲ့နေ့ကစားကွင်းလိုက်ပို့မယ်လို့ကတိပေးထားတယ် ...သိတယ်မို့လား စိတ်ကောက်ရင် သိပ်ချော့ရခက်တာလေ...ဟုတ်...ဟုတ်ဒါဘဲနော် အန်ကယ်..."သူ့နားမှာဘဲ အချိန်တွေကုန်ချင်တယ် သူ့ကိုဘဲ အချိန်တွေပေးထားချင်တယ်...Minnie.... သိပ်ချစ်တာဘဲကလေးရယ်...ဆရာဝန်တွေနဲ့ကုနေပေမယ့် မင်းကို ပုံမှန်လူတစ်ယောက်လိုကျန်းမာရေးကောင်းစေချင်လာရုံသပ်သပ်မင်းသတိရလာမှာ မင်းစိတ်တွေအရွယ်ရောက်ပြီးသားလူတယောက်လိုပြန်ရင့်ကျက်လာမှာတော့ ကြောက်မိနေတယ်အနည်းဆုံး ကလေးလေးတစ်ယောက်လို ဘေးနားမှာပြုစုခွင့်လေးတော့လိုချင်သေးတယ်ငါအတ္တကြီးတာဟုတ်ပါတယ်အားလုံးမင်းပုံမှန်ဖြစ်လာရင် ငါ့ကိုမမုန်းရင်တောင် အနားမှာနေမှာမဟုတ်ဘူးဆိုတာ ငါသိနေတယ်လေXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXညကြီးသန်းခေါင်ဗိုက်ဆာတယ် ဆိုပြီး မျက်နှာလေးငိုမဲ့မဲ့လုပ်ြ့ပီးလာနှိုးလေရဲ့ရှိတာလေး ချက်ပြုတ်ပေးဖို့သူ့ကိုထမင်းစားပွဲပေါ်မှာထိုင်စောင့်ခိုင်းထားရင်း ခေါက်ဆွဲပြုတ်နေမိသည် ပြီးရင် သူစားဖို့ ပန်းသီးခွဲပေးဖို့ခုံပေါ်တင်ထားသေးတယ်ခေါက်ဆွဲရလို့ ခုံပေါ်အချ ဓားကိုကိုင်ဆော့နေတဲ့သူ"Minnie ဓားမကိုင်နဲ့ခုချထားစမ်း"စိုးရိမ်စိတ်နဲ့အော်လိုက်မိတယ်ဓားကိုကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင်း မျက်ရည်ပိုးပိုးပေါက်ပေါက်ကျလာတဲ့သူ"မငိုပါနဲ့ Minnie ရယ် ကိုယ်မှားသွားတယ် နော်...ပေး ဓားကြီးပေးနော် လိမ်မာတယ် Minnieလေးက နော်..ကလေး""ပေးဘူး...မပေးဘူး.....အော် တယ် Minnie ကိုအော်တယ် ခင်ဗျားကိုမုန်းတယ် ဒီဓားနဲ့ထိုးပစ်မယ် ဟင့် ""Minnieကိုဓားထိမှာစိုးလို့ပါ Minnie ရယ် ပေးပေး"အ...ဓားကို နှစ်ယောက်လုကြရင်း သူကိုထိမှာစိုးလို့ ဓားအသွားဘက်ကဆုပ်ကိုင်ရင်းဆွဲပေမယ့် သူပြန်အဆွဲမှာ လက်ဖဝါးကို လှီးခွဲလိုက်သလိုသွေးတွေတစက်စက်"သွေး...သွေးတွေ..အား သွေးတွေ....မလာနဲ့...မလာနဲ့ နှစ်ယောက်လုံးမလာနဲ့.အား""Min..Minnie သတိထားပါဦး သတိထားပါဦး Minnie"ကိုယ့်လက်ကနာကြင်မှုထက် သူ့ကိုပိုစိတ်ပူတယ်သူ့ကိုပိုစိုးရိမ်တယ်"အရုပ်လေးက ကျိုးသွားပြီ....မလာနဲ့...မလာကြနဲ့..."သူ့ကိုယ်လေးကိုအတင်းထွေးပွေ့ထားပေမယ့် သူ့ရဲ့ကြောက်ရွံ့မှု ကယောင်ချောက်ခြားဖြစ်မှုကရပ်မသွား...ချက်ချင်း ဆိုးလ်ကသူ့မိသားစုကိုဖုန်းဆက်ပြီး ဆေးရုံတင်လိုက်ရတယ်။အခန်းပြင်မှာ လက်ကပတ်တီးသာစီးထားပေမယ့် တဆစ်ဆစ်ကိုက်နေဆဲရင်ထဲကနာကြင်မှုကပိုဆိုးနေတယ် .....သူပုံမှန်ပြန်ဖြစ်သွားပြီတဲ့ပြီးတော့မတွေ့ချင်ဘူးတဲ့ဝင်မလာစေနဲ့တဲ့အန်ကယ်လ်ကစာနာစွာသူပခုံးကဆုပ်ကိုင်အားပေးနေပေမယ့် သူ့မှာအားမရှိ..တကယ်ဘဲ ဒီအချိန် ငါအမုန်းဆုံးအချိန်ကိုရောက်လာခဲ့တာဘဲသိပ်မကြာခင် ပုံမှန်လူတယောက်လိုနေပြန်ကောင်းလာတော့မယ့်မင်းအတွက် ကိုယ်ပျော်ပါတယ် Minnie...ဆေးရုံခုတင်ထက်အိပ်ပျော်နေတဲ့သူ့ကို နဖူးလေးထက်အနမ်းလေးခြွေလိုက်မိတယ်....မင်းမတွေ့ချင်ဘူးဆိုပေမယ့် ကိုယ်မင်းကိုခွဲမသွားနိုင်ဘူး Minnie...ကိုယ် မင်းအနားကနေ ဘယ်မှမသွားနိုင်ဘူး...........တံခါးလေးအသာပြန်ပိတ်ပေးခဲ့ရင်း မျက်လုံးတွေမှိတ်ထားမိသည်။အစကနေ ပြန်စကြရအောင် Minnie........ဘယ်သူလဲ ဘာလဲ ဘာမှလာမမေးကြနဲ့ဘူထွားထွား

ဒုတိယလူWhere stories live. Discover now