အပိုင်း ၂

202 26 8
                                        

မြို့က ငါတို့ကို ဟွန်းတီးသံတွေနဲ့ကားတွေ၊အထပ်မြင့် အဆောက်အအုံတွေ၊အဆုံးမရှိတဲ့ လှုပ်ရှားမှုတွေနဲ့ ကြိုဆိုနေတယ်။

Satang အထုပ်ကိုပိုက်ကာ နက်ပြာရောင်ကောင်းကင်ကြီးကိုကြည့်လျက် ကြယ်တွေကိုရှာရန် ခေါင်းကိုမော့ကြည့်နေသည်။

ဒါပေမဲ့ ကြယ်တစ်ခုမှရှိမနေဘူး။

Winny တိုက်ခန်းကိုတံခါးဖွင့်ပြီး အနောက်က Satang ကိုလှည့်ကြည့်လိုက်သည်။

"ဒါကရွာမဟုတ်ပေမဲ့ လုံခြုံပါတယ်"

ငါပြောလိုက်တော့ Satang က သူ့ခြေလှမ်းတွေကို ရေတွက်နေသလို နံရံကိုလက်ဖြင့်ပွတ်ကာ ဖြေးဖြေးချင်းလျှောက်လာသည်။

ဒါကို Winny သတိထားမိပေမဲ့ ဘာမှမပြောလိုက်ပေ။

"ပြတင်းပေါက်က ဘယ်မှာလဲ"

"ညာဘက်မှာ"

ငါ လက်ညှိုးထိုးပြလိုက်သည်။

Satang က သူ့အောက်က ကြမ်းပြင်က ချောနေသလိုမျိုး ဂရုတစိုက်လျှောက်ကာ ပြတင်းပေါက်ကိုဖွင့်လိုက်ပြီး ခြောက်သွေ့ပြီး ဖုန်ထူတဲ့ လေတွေကိုရှုရှိုက်နေသည်။

"ဒီမှာ ကြယ်တွေမရှိဘူး"

"ဒီညတော့မရှိဘူးထင်တယ် ပိတ်ရက်တွေကျ ကိုယ် ကြယ်တွေရှိတဲ့နေရာ မောင်းပြီးပို့ပေးမယ်"

ငါပြန်ပြောလိုက်တော့ satang ကပြန်ပြုံးမပြပေမဲ့ ခေါင်းငြိမ့်ပြသည်။

"ဟုတ်ပြီလေ"

အဲ့နေ့ညမှာ ငါတို့ အထုပ်တွေဖြေပြီးတော့ ညစာစားဖို့ ငါကဘဲ ပြင်ဆင်ပေးရတော့သည်။ညစာစားပြီးတော့ ငါတို့နှစ်ယောက်အတူ tv ရှေ့မှာအတူထိုင်နေကြသည်။

ဖန်သားပြင်မှာ ဇာတ်ကားက ပြသနေလဲ Satang က အမှန်တကယ်ကြည့်မနေပါ။သူ့ခေါင်းက အနောက်ကဆိုဖာကို မှီနေပြီး မျက်လုံးကိုမှိတ်ထားသည်။

"အဆင်ပြေရဲ့လား ကလေး"

Winny နူးညံ့စွာမေးလိုက်တော့ Satang က အိမ်မက်ကနေလန့်နိုးလာသလိုမျိုး မျက်တောက်ခတ်ကာ ပြန်ဖြေသည်။

"ပြေပါတယ် ပင်ပန်းနေလို့ပါ"

"အိပ်ချင်နေပြီလား"

Astrophile [COMPLETE]Where stories live. Discover now