🌸ပန်းနုရောင် ဘာသာစကား🌸
~~~~~~~~~~~~~~~~~~~~~~
Part _ 29"ဘာလို့ ငါ့မိန်းမက ဒီလောက်ဝေးလံတဲ့နေရာမှာ နေနေတာလဲ "
ကသာခရိုင် ဗန်းမောက်မြို့နယ်ထဲက ကျေးရွာလေးတစ်ရွာဆီကို သူခရီးနှင်နေတာ ၄၈နာရီပြည့်တော့မည်ဖြစ်သည်...
တီကြီးနဲ့စကားပြောပြီးတည်းက ချက်ချင်းအထုတ်ဆွဲပြီး ကားမောင်းထွက်လာတာ မရပ်မနား.....အကြိုမတိုင်ခင် တစ်ရက်က ထွက်လာတာ သင်္ကြန်အကျနေ့ ညနေပိုင်းမှာတော့ မိန်းမရှိရာရွာလေးသို့ သူ ရောက်ခဲ့ပြီဖြစ်သည်။ရွာအဝင်ဝမှာတည်းက ကလေးတွေက အုပ်စုဖွဲ့ပြီး ရေပက်ဆော့ကစားနေကြလေသည်.။ဘိုးဘိုးကို သေချာမမေးခဲ့ပေမယ့် ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်မာနွယ်အိမ်လို့ မေးလိုက်တာနဲ့ လူတိုင်းသိကြပြီး အိမ်ကို သေချာညွှန်ပြပါသည်...
ရွာထဲကို ကားနဲ့ ဝင်လာတည်းက အားလုံးက သူ့ကို အာရုံစိုက်နေကြလေသည်...
"အစ်ကိုက ဘယ်သူလဲ "
ခပ်ငယ်ငယ်ချာတိတ်တစ်ယောက်က သူ့ကို မေးလာတော့...
"မင်း ..ခင်ခင်ရွယ်ကိုးကို သိလား "
"သိတာပေါ့ ဆရာမကြီး မြေးလေ "
"အေး ငါက သူ့ယောက်ျား "
"ဗျာ ခင်ခင်လေးက ယောက်ျားရသွားပြီ ဟုတ်လား "
"ငါ့ရုပ်က လိမ်နေတဲ့ရုပ် ပေါက်နေလို့လား "
"မပေါက်ပါဘူး မြို့သားအစ်ကိုရယ်"
"ကျွန်တော်နာမည်က ထွန်းစိန် ဆရာမကြီးတပည့်ပဲ ခင်ခင်လေးတို့ထက် ၂တန်းကြီးတယ် ခင်ခင်လေးက ကျွန်တော်နှမလိုပါပဲ"
"အပိုတွေ မပြောစမ်းနဲ့ကွာ သူက တစ်ဦးတည်းသော သမီး "
"ကျွန်တော် လိုက်ပို့ရမလား "
သူ့ဟာသူ ဆက်စုံစမ်းပြီး သွားရင်တော့ရပေမယ့် လည်နေမှာ စိုးသောကြောင့် ထွန်းစိန်ကို ကားပေါ် တက်ခိုင်းလိုက်လေသည်...
_
_
_
_
_
မည်းနက်နေပြီး ရေနံချေးဝနေသော ပျဥ်ထောင်အိမ်နှင့် ဝါးလုံးခြမ်းတွေဖြင့် ကာရံထားသော ခြံစည်းရိုး...ခြံအဝင်ဝမှာ မြောင်းကူးတံတား အသေးလေး ရှိပြီးဘေးတစ်ဖက်တစ်ချက်မှာ ခုံတန်းလေးနှစ်ခုရှိသည်။

YOU ARE READING
🌸ပန်းနုရောင်ဘာသာစကား🌸
Romanceနှောင်ကြိုးပဲရှိရှိ မိုးသက်မုန်တိုင်းပဲရှိရှိ ငှက်တစ်ကောင်သာဖြစ်ခွင့်ပေးပါ.... မင်းဆီ ကိုယ် အရောက်လာခဲ့မှာပါ....... Start Date _ March 21 ,2025 End Date _Jun 10 ,2025