🌸ပန်းနုရောင် ဘာသာစကား🌸
~~~~~~~~~~~~~~~~~~~~~~
Part _ 28ခင်ခင်ရွယ်ကိုးက ဦးလေးဖြစ်သူကို မဝံ့မရဲပြန်ကြည့်ရင်း....
"ကိုကြီးပြောတာတွေကို တကယ် ခင်ခင်ယုံတယ် "
"ဟဲ့ ခင်ခင် ဪ ဒီကလေးမနှယ် သွား အခန်းထဲကို"
ဦးမောင်က အသံမာမာနဲ့ ဟန့်တော့ ကိုးက သူ့မျက်နှာကို မော့ကြည့်လာရင်း...
"ခင်ခင် အထဲဝင်တော့မယ်"
"အာ မဝင်နဲ့လေ.."
"ဟေ့ကောင်"
"ကျွန်တော့်ကို စကားပြောခွင့်ပြုပါဦး.....
ဦးမောင် ဒီစကားက ရွယ်ကိုးနဲ့ နှစ်ယောက်တည်း ပြောဖို့ လုပ်ထားတဲ့ စကားတွေပါ ဒါပေမယ့် လူကြီးတွေလည်း သိသင့်တယ် ထင်လို့ အခု ဒီနေရာမှာ ပြောပါရစေ""ဦးမောင်ပြောသလိုပဲ ကျွန်တော်ဟာ ဘိုးကပေးစားတဲ့မိန်းမကို လုံးဝ မရချင်ပါဘူး "
"တောက်"
"ဟယ် ပြေလေး"
"အဲဒါကလေ ရွယ်ကိုးမို့လို့ ငြင်းနေတာ မရချင်တာ မဟုတ်ရပါဘူး ဘယ်သူနဲ့ပဲ စီစဉ်သည်ဖြစ်စေ ကျွန်တော်ငြင်းမှာပါ ဒါပေမယ့် အဲဒါက အရင်ကပါ ဦးမောင်.."
"ကျွန်တော် အရက်မူးပြီး ရွယ်ကိုးနားမှာ အိပ်ပျော်နေမိလို့ လက်မှတ်ထိုးဖို့ ဖြစ်လာတော့ ဘွားက အရမ်းစိတ်ဆိုးပြီး ဆူတဲ့စကားလေးကို ကျွန်တော် မမေ့ပါဘူး ဘိုးရဲ့မြေး ဖြစ်နေတာကို ဖယ်လိုက်ရင် ကျွန်တော်ဟာ အရက်မူးရင် ဒုက္ခဖြစ်နိုင်တဲ့သူပေါ့တဲ့ ရွယ်ကိုး မဟုတ်ဘဲ တခြားမိန်းကလေးဖြစ်ခဲ့ရင် ဘယ်လို လုပ်မလဲတဲ့"
"အမှန်အတိုင်းပြောရရင် ကျွန်တော် အရမ်းခံရခက်ပါတယ် ကျွန်တော့်ကို ဘိုးရဲ့မြေးမို့လို့သာ ရွယ်ကိုးနဲ့ စီစဉ်ထားတာ မဟုတ်ရင် စိတ်ကူးထဲတောင် မထည့်ဘူးဆိုတဲ့ အဓိပ္ပာယ်နဲ့ပြောတာမှန်း ကျွန်တော် သဘောပေါက်ပါတယ်"
"ဒါပေမယ့် အဘွားပြောတာက မလွန်ပါဘူး အမှန်တရားပဲလေ ဦးမောင် ပြောသလိုပေါ့ ကျွန်တော်ဟာ အဘိုးတို့ပေးတဲ့ မုန့်ဖိုးကို သုံးဖြုန်းနေတဲ့ ဝေလေလေကောင်ပါ "

YOU ARE READING
🌸ပန်းနုရောင်ဘာသာစကား🌸
Romanceနှောင်ကြိုးပဲရှိရှိ မိုးသက်မုန်တိုင်းပဲရှိရှိ ငှက်တစ်ကောင်သာဖြစ်ခွင့်ပေးပါ.... မင်းဆီ ကိုယ် အရောက်လာခဲ့မှာပါ....... Start Date _ March 21 ,2025 End Date _Jun 10 ,2025