Part_26

36.6K 1.4K 76
                                        

🌸ပန်းနုရောင် ဘာသာစကား🌸
~~~~~~~~~~~~~~~~~~~~~~
Part _ 26

"ဘာဖြစ်နေတာလဲ အဲဒါက"

"ကြည့်  ကြည့်  ကြည့်နေတာ"

"ဘာကြည့်တာလဲ  မင်းဘိုးအေကြီးကိုလား"

"မဟုတ်ဘူး ဘိုးအေပေးစားတဲ့မိန်းမကို မရချင်လို့ ဘွဲ့မရအောင် လုပ်နေပါတယ်ဆိုတဲ့အကောင်  သူ့ရွာကို ပြန်ပြေးအောင် လုပ်နေပါတယ်ဆိုတဲ့အကောင်နဲ့ မင်းနဲ့ တော်တော်တူလို့ ကြည့်နေတာ"

"ဟေ့ကောင်"

"ဘာလဲ တကယ်ကိုတူတာပါဆို မင်းနဲ့တစ်ပုံစံထဲကွ မျက်နှာရော body ရော အကုန်တူတာကွာ တစ်မအေထဲက မွေးထားသလား ထင်ရတယ်"

"ယီးကိုထင်"

"ဟ မထင်ရဘူးလား ဘာလဲ အဲဒါမင်းလား မင်းပဲ ဖြစ်နေခဲ့တာလားသားကြီး"

"ကျစ်"

သူထရပ်လိုက်တော့ ငထူးကပါ ရပ်ပြီး အဝင်တံခါးကို သွားပြေးဖွင့်နေတာမို့ ပြေပြစ် အံ့ဩသွားရသည်။အပြင်ဘက်က ဝင်ဖို့ လုပ်နေတဲ့ customer လည်း ရှိနေတာမဟုတ်။

"ဘာဖြစ်တာလဲ"

"ဘာမှ မဖြစ်ပါဘူး ငါနဲ့စကားများတာလိုလို ငါ့မျက်နှာကို မကြည့်ချင်လို့ ပြန်တာလိုလိုနဲ့ အကြောင်းရှာပြီး ပြန်တော့မယ့် ငါ့သူငယ်ချင်း ပြေပြစ်ဂုဏ်ရောင်တစ်ယောက် လက်တွေညောင်း... ပြီး ပင်ပန်းနေမှာ  စိုးရိမ်လို့ ဖွင့်ပေးတာ"

"ခွေးကောင်"

သူ ငထူးကို လှမ်းကန်လိုက်ပေမယ့်မထိ  သူဘာလုပ်မလဲဆိုတာ ကြိုသိနေပုံနဲ့  အသာလေး ရှောင်သွားလေသည်။
သိနေတော့လည်း အေးသွားတာပေါ့လို့ သဘောထားပြီး ကားသော့ကောက်ကိုင်ကာ အိမ်ပြန်ဖို့ ထွက်ခဲ့လိုက်တော့သည်။

"ဟေ့ လင်မယားတစ်ဝမ်းကွဲကောင်"

ပြေပြစ် ခြေလှမ်းသုံးလှမ်းလောက် လှမ်းလိုက်ရုံရှိသေး တံခါးဖွင့်ပြီး အော်လိုက်တဲ့ မျက်နှာရူး ငထူးရဲ့အသံက အနောက်ကနေ ကပ်ပါလာလေသည်။သူလှည့်ကြည့်ပြီး အသံမထွက်ဘဲ ဆဲရေးလိုက်တော့မှ လျှာထုတ်ပြပြီး ဆိုင်ထဲကို ပြန်ဝင်သွားတော့သည်။

"သူကဖြင့် မိန်းမမရှိ ဘာမရှိနဲ့ အလကား ဝေလေလေကောင် "

ရှက်ရှက်နဲ့ဆိုင်ထဲကထွက်လာတာ အပြင်ရောက်တော့မှ မိုးကသည်းနေလေသည်...

🌸ပန်းနုရောင်ဘာသာစကား🌸Where stories live. Discover now